အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ အခုနောက်ပိုင်း လူငယ်တွေမှာ တွေ့ရများလာတဲ့ ပြဿနာတခု ဖြစ်ပြီး ဒါဟာမျိုးရိုးဗီဇနဲ့ သက်ဆိုင်သလို ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တတ်သူတွေနဲ့ ခုခံအားစနစ် ချို့ယွင်းမှု ကျန်းမာရေးပြဿနာတွေကြောင့်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူတတ်ကြပြီး ဒါကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့် သဘာဝနည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ကြက်သွန်နီ
ကြက်သွန်နီဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ဖြူခြင်းတွေအတွက် အထိရောက်ဆုံး သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ ကြက်သွန်နီကို ကြိတ်ချေထားတဲ့ ကြက်သွန်နီအရည်ကို ခေါင်းမလျှော်ခင် နာရီဝက်လောက်အလိုမှာ ဆံသားအနှံ့လိမ်းကျံပေးပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံပင်ဖြူတွေ ထပ်မံတိုးပွားမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်နီအနံ့ကြောင့် ခေါင်းလျှော်တဲ့အခါမှာတော့ စင်ကြယ်စွာ လျှော်ပေးဖို့ လိုအပ်ပါတယ်။
(၂) အုန်းဆီနဲ့ သံပုရာရည်
အုန်းဆီထဲကို သံပုရာရည် အနည်းငယ် ရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားအနှံကို လိမ်းကျံနှိပ်နယ်ပေးပြီး မိနစ် ၃၀ ခန့်ထားပြီးမှ ခေါင်းလျှော်ပေးပါ။ သံပုရာရည်မှာပါဝင်တဲ့ ဗီတာမင်ဘီ၊ ဗီတာမင်စီနဲ့ အုန်းဆီမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေဟာ ဆံပင်ဖြူခြင်းဖြစ်စဉ်ကို လျှော့ချကာကွယ်ပေးနိုင်ပါတယ်။
(၃) နှမ်းဆီ
နှမ်းဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်နဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ကို ရောစပ်ကာ အနည်းငယ် အပူပေးပြီးမှ ဦးရေပြားနဲ့ ဆံပင်တွေကို လိမ်းကျံပေးပြီး ၄၅ မိနစ်ခန့်ထားပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ စင်ကြယ်အောင် လျှော်ပေးရမှာ ဖြစ်ပါတယ်။
အုန်းဆီမှာ ပါဝင်တဲ့ Fatty အက်ဆစ်ဟာ ဆံသားကို အရင်းကနေ အဖျားအထိ နက်မှောင်သန်စွမ်းစေပြီး နှမ်းဆီဟာဆိုရင် ဆံပင်ဖြူခြင်းကို တားဆီးပေးတဲ့ melanocyte ထုတ်လုပ်မှုကို အားကောင်းစေတာကြောင့် အရွယ် မတိုင်ခင် ဆံပင်ဖြူခြင်းကို လျော့ပါးသက်သာစေပါတယ်။
Ref: www.stylecraze.com