Health

လေဖြတ်ခြင်း မတိုင်မီ ဖြစ်တတ်တဲ့ စိုးရိမ်စရာ ရှေ့ပြေးလက္ခဏာ ၅ မျိုး

Want create site? Find Free WordPress Themes and plugins.

အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ လေဖြတ်ခြင်းဟာလည်း တခုအပါအဝင်ပါ။ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှုဟာ သွေးခဲပိတ်ပြီး ရပ်တန့်သွားတဲ့အခါမျိုးနဲ့ ဦးနှောက်သွေးကြောပေါက်ပြီး သွေးယိုတဲ့ အခါမျိုးတွေမှာ လေဖြတ်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။

လေဖြတ်ခြင်းဟာ ရုတ်တရက် ဖြစ်ပေါ်နိုင်သလို ရှေ့ပြေးလက္ခဏာတွေ အနေနဲ့လည်း ပြသတတ်တာကြောင့် လေဖြတ်ခြင်း မတိုင်မီ ဖြစ်တတ်တဲ့ သတိထားသင့်တဲ့ ရှေ့ပြေးလက္ခဏာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) မျက်စိ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်ခြင်း

လေ့လာဆန်းစစ်ချက်တွေအရ လေဖြတ်ခြင်း မဖြစ်ပေါ်မီ လူအများစုဟာ မျက်စိနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ မျက်စိမှုန်ခြင်း၊ အမြင်အာရုံ နှစ်ထပ်ဖြစ်ပေါ်ခြင်းတွေကို ခံစားရလေ့ ရှိတယ်လို့ဆိုပါတယ်။

(၂) ခေါင်းအလွန်အမင်း ကိုက်ခဲခြင်း

ခေါင်းအလွန်အမင်း ကိုက်ခဲခြင်းနဲ့ ခေါင်းတခြမ်း ကိုက်ခဲခြင်းတွေ ဆိုးဆိုးရွားရွားနဲ့ မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီဆိုရင်တော့ ဒါ မပေါ့ဆသင့်ပါဘူး။ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ပြတ်တောက်သွားတဲ့ အခါမျိုးတွေမှာ လေဖြတ်ခြင်း ဖြစ်ပေါ်တတ်တာကြောင့် သတိထားသင့်တဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။

(၃) မေ့လျော့ခြင်း

လုပ်နေကျ အလုပ်တွေကို ရုတ်တရက် မေ့လျော့တာမျိုးနဲ့ အသိမိတ်ဆွေတွေရဲ့ နာမည်ကိုတောင် စဉ်းစားလို့ မရအောင် မေ့လျော့နေပြီ ဆိုရင်တော့ သတိထားသင့်နေပါပြီ။

(၄) စကားပြောရတာ လေးလံခြင်း

စကားပြောတဲ့အခါမှာ လျှာတွေဟာ လေးလေးလံလံဖြစ်နေပြီး ထုံသလိုလိုပါ ဖြစ်ပေါ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းတခုခုဆီ အမြန်ဆုံး သွားရောက် သင့်နေပါပြီ။

(၅) ကိုယ်လက်ထုံကျင်ခြင်း

သင့်ခန္ဓာကိုယ်နဲ့ ကိုယ်လက်အစိတ်အပိုင်းတွေဟာ ရုတ်တရက် ဆိုသလို ထုံကျင်နေမယ်၊ အားမရှိသလို ခံစားနေရမယ်၊ လက်တွေဟာလည်း မြှောက်ရခက်သလို ခံစားနေရပြီဆိုရင်တော့ ဒါဟာလေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်တာကြောင့် မပေါ့ဆသင့်ဘဲ ဆေးကုသမှု ခံယူသင့်နေပြီ ဖြစ်ပါတယ်။

Ref : m.health24.com

Did you find apk for android? You can find new Free Android Games and apps.
Loading