Health

လေ့ကျင့်ခန်းလုပ်ဖို့ အချိန် မရှိတဲ့အခါ နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ အရာ ၅ ခု

Want create site? Find Free WordPress Themes and plugins.

နေ့စဉ် လူမှုကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ယနေ့ခေတ်မှာ လေ့ကျင့်ခန်းလုပ်ဖို့အတွက် သီးသန့် အချိန်ပေးဖို့ဆိုတာ လွယ်မယောင်နဲ့ခက်တဲ့ ကိစ္စတခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပြုလုပ်ချင်ပေမယ့် အချိန်မပေးနိုင်သူတွေအတွက် နေ့စဉ် ပေါ့ပေါ့ပါးပါး ပြုလုပ်နိုင်မယ့် အရာတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) တတ်နိုင်သလောက် လမ်းလျှောက်ပေးပါ

လမ်းလျှောက်ခြင်းဟာ ငွေကုန်ကြေးကျ အသက်သာဆုံးနဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတမျိုး ဖြစ်တာကြောင့် တနေ့တာမှာ အတတ်နိုင်ဆုံး လမ်းလျှောက်ပေးသင့်ပါတယ်။ ရုံးနဲ့ အိမ် သိပ်မဝေးဘူးဆိုရင် လမ်းလျှောက်ပြီး ရုံးတက်တာမျိုးနဲ့ ရုံးမရောက်ခင် တမှတ်တိုင်စာ အကွာလောက်မှာ ကားပေါ်ကနေဆင်းပြီး လမ်းလျှောက်ပေးတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

(၂) လှေကားကို အသုံးပြုပြီး အတက်၊ အဆင်း ပြုလုပ်ပေးပါ

လေ့ကျင့်ခန်းများများစားစား မပြုလုပ်နိုင်သူတွေအတွက် နောက်ထပ် အကောင်းဆုံး နည်းလမ်းတခုကတော့ ဓာတ်လှေကားကို အသုံးပြုမယ့်အစား ရိုးရိုးလှေကားကို အသုံးပြုပြီး အတက်၊ အဆင်း ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာ ဖြစ်တဲ့အပြင် လေ့ကျင့်ခန်းပြုလုပ်သလိုလည်း ဖြစ်တာကြောင့် အတတ်နိုင်ဆုံး ကြိုးစားကြည့်သင့်ပါတယ်။

(၃) ထိုင်ထ ပြုလုပ်ပေးပါ

ရေချိုးခါနီးဖြစ်ဖြစ် ဒါမှမဟုတ် ရုံးမှာထိုင်ရတာကြာလို့ ညောင်းညာနေတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် ထိုင်ထပြုလုပ်ပေးခြင်းအားဖြင့် လေ့ကျင့်ခန်း ပြုလုပ်သလိုပဲ အကျိုးရလဒ်တွေ ရရှိစေမှာဖြစ်သလို အညောင်းအညာလည်း ပြေစေမှာ ဖြစ်ပါတယ်။

(၄) စက်ဘီးစီးပါ

ဒါကတော့ မိမိရဲ့အိမ်အနီးအနား တဝိုက်မှာပဲဖြစ်ဖြစ်၊ ကားရှင်းတဲ့ နေရာမျိုးတွေမှာပဲဖြစ်ဖြစ် လေကောင်းလေသန့် ရှုရင်း ပြုလုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်းတမျိုးပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေနိုင်တာကြောင့် ပြုလုပ်သင့်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။

(၅) Window Shopping ထွက်ကြည့်ပါ

ဈေးဝယ်ထွက်တဲ့အခါ ကိုယ်လိုချင်တာတွေကိုပဲ ရွေးချယ်ဝယ်ယူပြီး အိမ်ပြန်လာမယ့်အစား Window Shopping ထွက်သလို လျှောက်ပတ်ကြည့်ရှုခြင်းက လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်သလိုပဲ အကျိုးရှိစေမှာ ဖြစ်ပါတယ်။

Ref : www.heart.org

Did you find apk for android? You can find new Free Android Games and apps.
Loading