မအိပ်ခင်မှာ ခဏလောက် သင်ပြုလုပ်လိုက်တဲ့ အရာက သင့်ကျန်းမာရေးအတွက် အရမ်းကောင်းမွန်နိုင်တယ်ဆိုတာ သိပါသလား။ သင့်အချစ်တော် ခွေးလေးတွေကို သင်နဲ့ အတူတူ အိပ်ခိုင်းရမှာ စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ဖူးရင် မေ့လိုက်ပါတော့။
သင်တကယ်ကို မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေကို သူတို့နဲ့ အတူတူ အိပ်စက်ခြင်းကနေ ရရှိနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ ခွေးလေးတွေနဲ့ အတူတူအိပ်ခြင်းဖြင့် အကျိုးကျေးဇူးတွေ အများကြီး ရတယ်လို့ သိရပါတယ်။
(၁) စိတ်ဖိစီးမှုကို လျော့ချပေးခြင်း
ခွေးလေးတွေဟာ စိတ်ကျန်းမာရေးကုထုံးတွေမှာ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ သူတို့ဟာ သင့်ကို အိပ်ရာထက်မှာ သက်သောင့်သက်သာဖြစ်စေပြီး စိတ်အေးချမ်းမြေ့မှုကို ပေးနိုင်ပါတယ်။ သူတို့ အတူတူ အိပ်ခြင်းအားဖြင့် စိတ်အဖိစီးဆုံး အချိန်မှာတောင် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။
(၂) ကာကွယ်ပေးခြင်း
ခွေးတွေဟာ အရမ်းနိုးကြားတာကို အားလုံးသိပြီး ဖြစ်မှာပါ။ သင့်ကျန်းမာရေး တခုခု ဖြစ်တာတွေကိုလည်း သူတို့က ကူညီစောင့်ရှောက်ပေးလေ့ရှိပါတယ်။ သင့်အိမ်မှာ သူခိုးကပ်တာ တွေကိုလည်း ကာကွယ်ပေးနိုင်လို့ စိတ်ချလက်ချ အိပ်စက်နိုင်ပါတယ်။
(၃) နွေးထွေးမှုပေးနိုင်ခြင်း
အမွှေးထူတဲ့ ခွေးလေးတွေကို ဖက်ပြီး အိပ်ရတာ ဝက်ဝံရုပ်အကြီးကြီးကို ဖက်ပြီး အိပ်ရသလို ဖြစ်နေမှာပါ။ သင်ဟာ အေးတဲ့ ဒေသမှာ နေထိုင်တဲ့သူဖြစ်ပြီး အပူပေးစက်တွေနဲ့ စောင်ထူထူက သင်လိုအပ်တဲ့ နွေးထွေးမှုကို မပေးနိုင်ဘူး ဆိုရင်တော့ ခွေးလေးတွေက ဘာနဲ့မှ မတူတဲ့ နွေးထွေးမှုကို ပေးမှာ သေချာပါတယ်။
(၄) အိပ်စက်ရာမှာ ကူညီခြင်း
ခွေးလေးတွေဟာ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်စွမ်း ရှိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သင့်ကို ဘယ်တော့မှ သစ္စာဖောက်သွားမှာ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်တခုနဲ့တင် သင်ဟာ စိတ်ချလက်ချ အိပ်ပေး သွားနိုင်တယ်လို့ သိရပါတယ်။ ခွေးလေးတွေကို ဖက်ထားတဲ့ အချိန်မှာ ရရှိလာတဲ့ နွေးထွေးမှုခံစားချက်ကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး အမြန်အိပ်ပျော်သွားနိုင်ပါတယ်။
(၅) ခွေးလေးတွေ အတွက်လည်း ကောင်းမွန်ပါတယ်
ခွေးလေးတွေဟာ ဂရုစိုက်မှုကို အရမ်းတောင့်တသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို သင်နဲ့ အတူတူ ပေးအိပ်ခြင်းဟာ သူတို့ကို ပျော်ရွှင်စေပြီး သင့်အပေါ်ကို အချစ်တိုးစေပါတယ်။
Ref;brightside