လူအများစုဟာ လက်ဖက်ရည်ကြမ်းကိုသာ သောက်သုံးလေ့ရှိကြပေမယ့် ရေနွေးအဖြူကိုတော့ ပုံမှန်အားဖြင့် သောက်သုံး လေ့မရှိကြပါဘူး။ ရေနွေးအဖြူ သောက်သုံးပေးခြင်းမှာဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အားသာချက်တွေရှိတာကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ရေနွေးအဖြူဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ အစာစားပြီးတိုင်း ရေနွေးဖြူကို သောက်သုံးပေးခြင်းအားဖြင့် အစာချေဖျက်ရခက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
အမျိုးသမီးတွေ လစဉ်ဓမ္မတာလာတဲ့အခါ နာကျင်ကိုက်ခဲခြင်းတွေကို ရေနွေးအဖြူ သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်သလို ကိုယ်လက်နာကျင်ကိုက်ခဲခြင်းတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။
(၃) အဆီကျစေတယ်
ရေနွေးအဖြူဟာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကို ပြေစေနိုင်ပြီး ဝမ်းမှန်စေတာကြောင့် ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို လျော့ကျစေနိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့ကျလိုသူတွေအနေနဲ့ ရေနွေးအဖြူထဲကို သံပုယိုသီးအနည်းငယ်ထည့်ကာ သောက်သုံးပေးခြင်းက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
(၄) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်
ရေနွေးအဖြူသောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်တွင်းသွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေတာကြောင့် သွေးပေါင်ချိန်ပမာဏကို မျှတာစေပြီး နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၅) စိတ်ဖိစီးမှုကို လျော့ကျစေတယ်
ရေနွေးအဖြူသောက်သုံးပေးခြင်းဟာ အာရုံကြောစနစ်ကို ကောင်းမွန်စေတာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိုးရိမ်ပူပန်မှုများခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။
Ref. www.healthline.com