ဝမ်းချုပ်ခြင်းဟာ လူတွေမှာ မကြာခဏ ဖြစ်လေ့ရှိတဲ့ ရောဂါတမျိုးပါ။ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီတခါမှာ ဝမ်းချုပ်တာများရင် သင့်ရဲ့ ခန္ဓာကိုယ်က ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ကြွက်သား ကြေမွခြင်း
ပုံမှန်ဝမ်းသွားနိုင်ခြင်း မရှိတာဟာ ကြွက်သားကြေမွခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်နေတာကြောင့် မစင်ကို အတင်းတွန်းလွှတ် နေရတာတွေများတဲ့ အခါ လိပ်ခေါင်းစတဲ့ ရောဂါတွေကို ခံစားလာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာတွေ များတဲ့ အခါ စအိုက သွေးထွက်တာတွေ ဖြစ်ရတာပါ။
(၂) အစားစားလိုစိတ် ပြောင်းလဲခြင်း
ဝမ်းချုပ်နေခြင်းကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အညစ်အကြေးတွေက ပိတ်မိနေပါတယ်။ အဲဒီအချိန်မှာ အစားထပ်ပြီး စားရင် ဗိုက်ပြည့်လွယ်ခြင်းကို ဖြစ်စေနိုင်ပြီး သင်နေ့စဉ်စားသောက်နေတဲ့ ပုံစံကို သွေဖယ်သွားပြီး အစားစားလိုစိတ်တွေ ပြောင်းလဲလာနိုင်ပါတယ်။
(၃) ရေဓာတ်ခမ်းခြောက်ခြင်း
ဝမ်းချုပ်ခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းတို့ဟာ ဆက်စပ်နေတဲ့ အရာနှစ်ခုဖြစ်ပါတယ်။ ဝမ်းချုပ်တဲ့ အခါ ရေဓာတ်တွေ ကုန်ခမ်းလို့ ရေများများသောက်ပေးသင့်ပြီး ရေဓာတ်ခမ်းခြောက်တဲ့ အခါ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ချွေးထွက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။
(၄) ယိုစိမ့်ခြင်း
ဝမ်းချုပ်တာများရင် အူအတွင်းမှာ ရှိတဲ့ မစင်အိတ်ပြည့်တင်းမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မစင်စတဲ့ အညစ်အကြေး တွေဟာ ဝမ်းထဲမှာ ရှိသင့်တဲ့ အချိန်ထက် ပိုပြီး ရှိနေတဲ့ အခါ ဘက်တီးရီးယားတွေ ပြန့်ပွားတာ လွယ်ကူပြီး လေလည်ခြင်းနဲ့ လေတက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ လေလည်လိုက်တဲ့ အခါ မစင်ပါ ယိုစိမ့်သွားနိုင်ပြီး ဒီလို ယိုစိမ့်ခြင်းဟာ နေ့ရောညပါ ဖြစ်နိုင်ပါတယ်။
(၅) ဝမ်းချုပ်တာကို ဘယ်လို ဖြေရှင်းမလဲ
အကောင်းဆုံးနည်းလမ်းကတော့ ရေများများသောက်ဖို့ပါပဲ။ ဒါအပြင် ဆေးအကူအညီလည်းယူလို့ ရပါတယ်။ တရက် နှစ်ရက်လောက် ဝမ်းချုပ်တာက တခါတလေမှာ ဖြစ်တတ်တဲ့အရာဖြစ်လို့ စိတ်သိပ်ပူစရာမလိုပေမယ့် တပတ်ထက်ပိုပြီး ဝမ်းချုပ်နေပြီ ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြသဖို့ အကြံပေးချင်ပါတယ်။
Ref;mmn