Health

ကိုယ်ခန္ဓာ ကျန်းမာရေးရဲ့ ထူးခြားတဲ့ အချက်များ

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေး ကောင်းမွန်ခြင်းဆိုတာ လူတိုင်းအတွက် လိုအပ်တဲ့ အရာတခုဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်အောင် နေ့တိုင်းအသစ်သစ်သော အချက်တွေကို ဆရာဝန်တွေနဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေက ရှာဖွေလေ့ ရှိပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေကတော့ ကိုယ်ခန္ဓာ ကျန်းမာရေးရဲ့ ထူးခြားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) အိပ်ချိန်

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်ချိန်ပိုပြီး လိုအပ်ပါတယ်။ အကြောင်းအရင်းကတော့ အမျိုးသမီးတွေရဲ့ စိတ်ဟာ အမျိုးသားတွေထက် ပိုပြီး အလုပ်လုပ်ရတဲ့ အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေလို ချက်ချင်း အိပ်မပျော်တတ်ပါဘူး။ စိတ်ဓာတ်ကျခြင်းနဲ့ အိပ်ရခက်ခြင်းရောဂါတွေကို ခံစားရလေ့ရှိလို့ အမျိုးသမီးတွေဟာ အိပ်ချိန်ပိုမို လိုအပ်တာ ဖြစ်ပါတယ်။

(၂) ရုပ်ရည်

သူတပါးထက် ရုပ်ပိုနုတယ်လို့ ပြောခံရတဲ့ လူတွေဟာ သာမန်လူတွေထက် အသက်ပိုရှည်ပါတယ်။ ဒိန်းမတ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်မှာ လူပေါင်း ၃၀၀ ကျော်ကို လေ့လာခဲ့ပြီး အသက်ပိုငယ်ပုံ ပေါက်တဲ့ လူတွေမှာ ထူးခြားတဲ့ DNA အမျိုးအစားတခုပါဝင်ပြီး အဲဒီ အမျိုးအစားကြောင့်ပဲ သာမန်လူတွေထက် အနည်းဆုံး ၄ နှစ်လောက်ပိုပြီး အသက်ရှည်ကြတယ်လို့ သိရပါတယ်။

(၃) သူငယ်ချင်းများနှင့် အချိန်ကုန်ခြင်း

အောက်စဖို့တက္ကသိုလ်ရဲ့ လေ့လာချက်အရ အမျိုးသားတွေဟာ သူတို့ အရမ်းရင်းနှီးတဲ့ အမျိုးသားသူငယ်ချင်းတွေနဲ့ တပတ်မှာ နှစ်ခါလောက်တွေ့ပြီး ဘားသွားခြင်း၊ အားကစားပြုလုပ်ခြင်းတွေကို ပြုလုပ်တာက ပိုပြီး အသက်ရှည်စေတယ်လို့ သိရပါတယ်။ သစ္စာရှိတဲ့ သူငယ်ချင်းတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေဟာ စိတ်ကျရောဂါ ခံစားရနိုင်ချေ နည်းပါးလွန်းတယ်လို့ သိရပါတယ်။

(၄) စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းဟာ သင့်ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပါတယ်။ ဘာမင်ဟန်တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ အသက် ၅၀ ကျော်အရွယ်မှာ နေ့စဉ် စက်ဘီးစီးတဲ့လူတွေဟာ စက်ဘီးမစီးတဲ့သူတွေထက် ကိုယ်ခံအားအရမ်းကို ကောင်းတယ်လို့ ဆိုပါတယ်။ အသက်အရွယ်ရလာတဲ့ အခါမှာ စက်ဘီးစီးလေ့ကျင့်ခန်းကို အမြဲပြုလုပ်သူတွေဟာ ကြွက်သားကောင်းမွန်ခြင်း၊ အဆီနဲ့ မလိုအပ်တဲ့ ကိုလက်စရောတွေကို ချေဖျက်နိုင်ခြင်း စတဲ့ ကောင်းကျိုးတွေကို ရရှိတယ်လို့ ဆိုပါတယ်။

Ref ; brightside

Did you find apk for android? You can find new Free Android Games and apps.
Loading