သွေးအမျိုးအစား အလိုက် စိတ်ဝင်စားဖွယ် ကောင်းတဲ့ အချက် ၇ ချက်
သွေးအမျိုးအစားတွေဟာ တဦးနဲ့ တဦး မတူညီကြသလို ဒီလိုကွဲပြားတဲ့ သွေးအမျိုးအစားတွေအပေါ် လိုက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေလည်း ရှိတာကြောင့် ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) A သွေး အမျိုးအစားမှာ တခြားသော သွေးအမျိုးအစားတွေထက် Cortisol ဟော်မုန်းပမာဏ ပါဝင်မှုပိုမိုများပြားပါတယ်။ Cortisol ဟော်မုန်းဆိုတာကတော့ စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့ ဟော်မုန်း တမျိုးပဲဖြစ်ပြီး A သွေးပိုင်ရှင်တွေဟာ စိတ်ဖိစီးမှုကို တခြားသော သွေးအမျိုးအစားတွေလောက် မခံစားကြရပါဘူး။
(၂) O သွေးအမျိုးအစား ပိုင်ရှင်တွေကတော့ တခြားသော သွေးအမျိုးအစား ပိုင်ရှင်တွေထက် ခြင်ပိုမိုကိုက်ခံရတတ်ပြီး A သွေးပိုင်ရှင်တွေရဲ့ သွေးကိုတော့ ခြင်တွေက သိပ်မကြိုက်ကြတာကြောင့် ခြင်ကိုက်ခံရ သက်သာလှပါတယ်။
(၃) သွေးအမျိုးအစားတွေဟာ မိမိရဲ့ ပင်ကိုယ်စရိုက်ကို လွှမ်းမိုးနိုင်တယ်ဆိုတာကတော့ အမှန်တကယ်ပဲ ဖြစ်ပါတယ်။ အိုသွေးပိုင်ရှင်တွေဟာ စိုးရိမ်စိတ် လွန်ကဲတတ်သူတွေ ဖြစ်ကြပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေပဲဖြစ်ကြပြီး အေသွေး အမျိုးအစားတွေကတော့ သူတပါးကို ဦးစားပေး ငဲ့ညှာတတ်ကြပါတယ်။ ဘီသွေး အမျိုးအစားပိုင်ရှင်တွေကတော့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေပဲ ဖြစ်ကြပြီး အေဘီသွေးပိုင်ရှင်တွေကတော့ အမြော်အမြင်ရှိသူတွေပဲ ဖြစ်ကြပါတယ်။
(၄) AB Negative သွေးဟာဆိုရင်တော့ ကမ္ဘာပေါ်မှာ အရှားပါးဆုံး သွေးအမျိုးအစားတခုပဲဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့မှ ၁ ရာခိုင်နှုန်းသာရှိတဲ့ ရှားပါးသွေး အမျိုးအစားတခုလည်း ဖြစ်ပါတယ်။
(၅) အိုသွေးအမျိုးအစားဟာ တခြားသော သွေးအမျိုးအစားတွေထက် အစာအိမ်ရောဂါနဲ့ ပန်ကရိယကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃ ပုံ ၁ ပုံခန့် မြင့်မားကြတာကြောင့် လတ်ဆတ်တဲ့ ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမို စားသုံးပေးသင့်ပြီး နို့ထွက်ပစ္စည်းတွေနဲ့ ကစီဓာတ် များလွန်းတဲ့ အစားအစာတွေကိုတော့ ချင့်ချိန် စားသုံးပေးသင့်ပါတယ်။
(၆) O Negative သွေးပိုင်ရှင်တွေဟာ ဘယ်သွေးအမျိုးအစားကိုမဆို သွေးလှူဒါန်းနိုင်ပြီး AB+ သွေးရည်ကြည်ဟာ ဆိုရင်လည်း ဘယ်သွေးအမျိုးအစားကိုမဆို လှူဒါန်းနိုင်တာပဲ ဖြစ်ပါတယ်။
(၇) B သွေးပိုင်ရှင်တွေဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားသုံးပေးသင့်ပြီး အသား၊ ငါးတွေကိုတော့ ချင့်ချိန်ပြီးစားသုံးသင့်ပါတယ်။
Ref: www.ba-bamail.com