ဟင်းချက်ရင်း ဖုန်းသုံးတာ၊ လမ်းလျှောက်ရင်း Message ပို့တာ၊ ရုပ်ရှင်ကြည့်ရင်း ထမင်းစားတာ အစရှိတာတွေဟာ အလုပ်နှစ်ခုကို တပြိုင်နက်တည်းလုပ်ခြင်း (Multitasking) လို့ ခေါ်ပါတယ်။ ဒီလို Multitasking ပြုလုပ်ခြင်းဟာ အလုပ်မြန်မြန်ပြီးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကျန်းမာရေးဆိုးကျိုးတွေက ရှိနေပါတယ်။
(၁) အမှားတွေကိုသာ ပြုလုပ်မိစေတယ်
လေ့လာချက်တွေအရ Multitasking ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟ အမှားတွေကိုသာ ပြုလုပ်မိစေနိုင်တယ်လို့ သိရပါတယ်။ လူတွေရဲ့ ဦးနှောက်ဟာ အလုပ် နှစ်ခုကို တပြိုင်နက်တည်း ပြုလုပ်တဲ့အခါ နှစ်ခုစလုံးကို ညီတူညီမျှဖြစ်အောင် မပြုလုပ်နိုင်တာကြောင့် တစုံတခုကိုတော့ အမှားအယွင်းတွေ ပြုလုပ်သွားမိစေနိုင်ပါတယ်။
(၂) စိတ်ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေတယ်
အချိန်တခုတည်းမှာပဲ အလုပ်နှစ်ခုကို တပြိုက်နက်တည်း လုပ်ဆောင်စေခြင်းကြောင့် ဦးနှောက်ဟာ ဖိအားတွေ များပြားလာပါတယ်။ အလုပ်ပြီးချင်စိတ်နဲ့ တပြိုင်နက်တည်း ပြုလုပ်နေပေမယ့် ဦးနှောက်က ဖိအားဒဏ်တွေကို ခံရတဲ့အခါ အလုပ်မပြီးမြောက်တဲ့အပြင် စိတ်ဖိစီးမှုကိုပါ ပိုမိုခံစားရနိုင်ပါတယ်။
(၃) မှတ်ဉာဏ်တွေကို အလျင်အမြန် ဆုံးရှုံးစေနိုင်တယ်
လေ့လာချက်တွေအရ အရွယ်မတိုင်ခင် မှတ်ဉာဏ်ဆုံးရှုံးသူတွေဟာ Multitasking ပြုလုပ်ကြသူတွေပဲ ဖြစ်ပြီး ဒီထဲကမှာမှ အမျိုးသမီးတွေဟာ Multitasking ပိုမိုပြုလုပ်ကြတာကြောင့် မှတ်ဉာဏ်လျော့ကျမှုတွေထဲမှာ အများဆုံး ပါဝင်နေပါတယ်။ တချို့သူတွေမှာတော့ ယာယီမှတ်ဉာဏ် ပျောက်ဆုံးတာမျိုး ဖြစ်တတ်ကြပေမယ့် Multitasking မကြာခဏ ပြုလုပ်ခြင်းဟာ ရေရှည်မှတ်ဉာဏ် ပျောက်ဆုံးသွားတဲ့အထိပါ ဖြစ်စေနိုင်ပါတယ်။
(၄) အာရုံစူးစိုက်နိုင်စွမ်းကို လျော့ကျစေတယ်
Multitasking မကြာခဏ ပြုလုပ်တတ်သူတွေဟာ ပုံမှန်ထက် အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလေ့ ရှိကြတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာရော လုပ်ငန်းခွင်မှာပါ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအရဆိုရင်လည်း (ဥပမာ- ထမင်းစားရင်း တီဗီကြည့်တာ) မျိုးဟာ အဝလွန်စေနိုင်တဲ့အပြင် အရေးတကြီး အာရုံစိုက်ရမယ့် အလုပ်မျိုးမှာဆိုရင်လည်း အနှောင့်အယှက်တွေ ဖြစ်စေနိုင်ပါတယ်။
Ref : www.health.com