နေ့စဉ်လှုပ်ရှားသွားလာနေကြတဲ့ ပတ်ဝန်းကျင်မှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ နေရာအနှံ့မှာ ရှိနေတာဖြစ်ပြီး ဒီလိုရောဂါပိုးမွှားတွေကြောင့် ရောဂါဝေဒနာ ခံစားရခြင်း ၊ မခံစားရခြင်းဟာ မိမိရဲ့ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်မှု အပေါ်မှာ သက်ရောက်နေပါတယ်။
ခုခံအားစနစ် ကောင်းမွန်သူတွေဟာ တော်ရုံတန်ရုံ ရောဂါပိုးမွှားတွေလောက်ကို ခံနိုင်ရည်ရှိကြပြီး ကိုယ်ခံအား စနစ် အားနည်းသူတွေကတော့ မကြာခဏဆိုသလို ဖျားနာတတ်ကြပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။
(၁) ကြက်သွန်ဖြူနဲ့ ပျားရည်
ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidant တွေကြွယ်ဝတဲ့ ပျားရည်နဲ့ ကြက်သွန်ဖြူတို့ကို ရောစပ်ပြီး ပုလင်းအလွတ်တခုထဲမှာ ၃ ရက်ကနေ ၅ ရက်လောက်အထိထားပြီးမှ တနေ့တကြိမ် စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ရောဂါပိုးမွှားတွေကြောင့် အအေးမိဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဂျင်း လက်ဖက်ရည်ကြမ်း
ရေနွေးပူပူထဲကို ဂျင်း ပါးပါးလှီးထည့်ထားတဲ့ ဂျင်းလက်ဖက်ရည်ဟာဆိုရင် အအေးမိဖျားနာ ကိုက်ခဲနေတဲ့အခါ ကိုက်ခဲနာကျင်မှု ဝေဒနာကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
(၃) သံပုရာ ရေနွေးကြမ်း
ရေနွေးပူပူထဲ သံပုရာသီးစိတ် အနည်းငယ်ထည့်ပြီး သောက်သုံးပေးခြင်းဟာ သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင်စီကြောင့် အအေးမိ ဖျားနာနိုင်ခြေကို လျော့ကျစေပြီး ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
(၄) ဟင်းနုနွယ် ဖျော်ရည်
ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ စူပါအစားအစာ တမျိုးဖြစ်တဲ့ ဟင်းနုနွယ်ကို ကြိတ်ချေပြီး သံပုရာရည် အနည်းငယ် ညှစ်ကာ သောက်သုံးပေးခြင်းအားဖြင့် ရောဂါပိုးမွှားတွေကနေတဆင့် ကူးစက်တတ်တဲ့ တုပ်ကွေးနဲ့ အအေးမိဝေဒနာတွေကို ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။
Ref : brightside.me