လေထုညစ်ညမ်းမှုဟာ ဒီနေ့ကြုံတွေ့နေရတဲ့ ကမ္ဘာကြီးရဲ့ အဓိကပြဿနာပဲ ဖြစ်ပါတယ်။ လေထု ညစ်ညမ်းမှုနဲ့အတူ နောက်ထပ်ကြုံနေရတဲ့ ပြဿနာကတော့ ရေညစ်ညမ်းမှုပါ။ ဆူညံသံတွေကလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သလို မြေဆီလွှာညစ်ညမ်းမှုနဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
လူတွေဟာ ကိုယ်နေထိုင်တဲ့နေရာနဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့အတွက် အမှိုက်ပုံကမ္ဘာကြီးထဲ နေနေရသလိုပါ။ အဲဒီနေရာတွေထဲမှာ အာဖရိကမြို့တော်တွေက အဆိုးဆုံးဖြစ်နေတာ တွေ့ရပါတယ်။ အာဖရိကမှာ ဆိုရင်တော့ သောက်သုံးရေနဲ့ လေထုညစ်ညမ်းမှုတွေကြောင့် တနာရီကို လူပေါင်း ၁၁၅ ယောက် လောက်သေဆုံးနေရပါတယ်။
ဘဝ အသက်ရှင်နေထိုင်ဖို့ဆို ရေက အရေးအကြီးဆုံးဖြစ်သလို မသန့်ရှင်းတဲ့ရေတွေကို သောက်မိတဲ့အတွက်လည်း လူပေါင်းများစွာ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာမှာ ရေထု၊ လေထု ညစ်ညမ်းမှုတွေကို ဘယ်ဒေသတွေက အဆိုးဝါးဆုံး ခံနေရသလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) Port Harcourt
နိုင်ဂျီးရီးယားနိုင်ငံက Port Harcourt မြို့ဟာ လူတွေအတွက် အန္တရာယ် အဖြစ်စေနိုင်ဆုံး ဒေသတခု ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ နိုင်ဂျီးရီးယားရဲ့ ရေညစ်ညမ်းမှုတွေကြောင့် Port Harcourt မြို့က လူတွေဟာ အသက်အန္တရယ်တွေကို ရင်ဆိုင်နေရပါတယ်။
(၂) Luanda
အန်ဂိုလာနိုင်ငံရဲ့ Luanda မြို့ကလည်း မသန့်ရှင်းတဲ့ သောက်သုံးရေကြောင့် လူပေါင်းများစွာ သေဆုံးနေရပါတယ်။ ရေမသန့်ရှင်းတဲ့အတွက်ကြောင့် ဝမ်းရောဂါ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ရေကြောင့်ဖြစ်တဲ့ ရောဂါကြောင့် နေ့စဉ် လူပေါင်း ၂၇၂၂ ယောက် သေဆုံးနေကြတာမှာ အများစုကတော့ Luanda မြို့က ဖြစ်ပါတယ်။
(၃) Lome
နောက်ထပ် တနိုင်ငံကတော့ အနောက် အာဖရိကနိုင်ငံဖြစ်တဲ့ Togo နိုင်ငံရဲ့ Lome မြို့ပါ။ Lome မြို့ကလည်း ရေညစ်ညမ်းမှုတွေကြောင့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ မြို့တမြို့ပါ။ Lome မြို့မှာ နေထိုင်သူအများစုကတော့ ရေကတဆင့် ကူးစက်တတ်တဲ့ ရောဂါကြောင့် နေ့စဉ်လိုလို အသက်ဆုံးရှုံးနေရပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ အာဖရိကနိုင်ငံရဲ့ မြို့တွေဟာ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေကို အဆိုးဝါးဆုံး ခံစားနေရတဲ့ ဒေသတွေပါ။
Ref : accuweather
ဆက်စပ် သတင်းလင့်ခ် ၂၀၅၀ မှာ ပလတ်စတစ် အန္တရာယ်ကို ရေနေသတ္တဝါတွေ ပိုကြုံတွေ့နိုင်