မနက်အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်းရဲ့ အံအားသင့်ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများ
ဂျပန်လူမျိုးတွေရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓာကိုယ် ကျစ်လစ်သွယ်လျနေရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ မနက်အိပ်ရာကနိုးနိုးချင်းမှာ ရေသောက်ပေးခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ရေကုထုံးလို့တောင် ခေါ်ဝေါ်နိုင်တဲ့ အိပ်ရာကနိုးနိုးချင်း ရေသောက်ပေးခြင်းဟာ သင်မထင်ထားလောက်အောင် အံ့အားသင့်ဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေပါတယ်။
(၁) ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တယ်
မနက်အိပ်ရာကနေ နိုးနိုးချင်း ရေသောက်ပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစားအစာတွေကို အလွန်အကျွံမစားမိအောင် ထိန်းချုပ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။
(၂) အသားအရေကို ကြည်လင်စိုပြည်စေတယ်
ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အလုံအလောက် မရရှိတဲ့အခါ အသားအရေဟာ မွဲခြောက်ကြမ်းတမ်းစေပါတယ်။ မနက်အိပ်ရာက နိုးနိုးချင်း ရေသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး အသားအရေကို ကြည်လင် စိုပြည်စေပါတယ်။
(၃) ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ပြေလျော့စေတယ်
အိပ်ရာကနိုးနိုးချင်း ဘာမှမစားရသေးခင်မှာ ရေသောက်ပေးခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ကို လန်းဆန်တက်ကြွစေပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်ဖို့ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။
(၄) ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်တယ်
အိပ်ရာကနေ နိုးနိုးချင်း ရေသောက်ပေးခြင်းဟာ ကျောက်ကပ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
(၅) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
မနက်နိုးနိုးချင်း ရေသောက်ပေးခြင်းဟာ ခန္ဓာကိုယ် သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အအေးမိ ဖျားနာခြင်းတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Ref : www.lifehack.org