Health

လက်ကိုင်ဖုန်းကနေ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု အတိုင်းအတာ

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ခေတ်အချိန်မှာတော့ လက်ကိုင်ဖုန်းဟာ နေ့စဉ်လိုအပ်ချက်အတွက် မရှိမဖြစ်အရာတခုဖြစ်နေပါပြီ။ လူကြီး လူငယ်အရွယ်မရွေး ကိုယ်လိုချင်တာ၊ သိချင်တာမှန်သမျှ အလွယ်တကူသိနိုင်လို့ လက်ထဲအမြဲရှိနေတဲ့ လက်ကိုင်ဖုန်းက အသုံးဝင်သလောက် ခန္ဓာကိုယ်ထိခိုက်စေတဲ့ ဓာတ်တွေလည်း အနည်းနဲ့အများ ထုတ်လွှတ်နေတဲ့ အရာတခုပါ။

မကြာသေးခင်ကပဲ ဂျာမနီနိုင်ငံ ဓာတ်ရောင်ခြည်ကာကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ချက်မှာ လက်ကိုင်ဖုန်း တွေက လူကိုထိခိုက်စေတဲ့ ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု ဘယ်လောက်အတိုင်းအတာရှိကြောင်းကို ဖော်ပြခဲ့ပါ တယ်။

ဈေးကွက်ထဲမှာ အသုံးများဆုံး လက်ကိုင်ဖုန်းအမျိုးအစားတွေကို လေ့လာခဲ့ရာမှာ အန္တရာယ်ရှိဓာတ်ရောင်ခြည် ထုတ်လွှတ်မှုအနည်းဆုံး လက်ကိုင်ဖုန်းအမျိုးအစားကတော့ Samsung Galaxy Note 8 ဖြစ်ပြီး တိုင်းတာမှုပုံစံ အရ ၁ ကီလိုဂရမ်ကို ဝ.၁၇ watts ပဲရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း နာမည်ကျော်အမျိုးအစား Apple ရဲ့ iPhone 7 ကတော့ Samsung ထက် ၂ ဆလောက် ဓာတ်ရောင်ခြည်ထွက်ရှိမှု ပိုမြင့်နေတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ခေတ်စားလာတဲ့ Xiaomi အမျိုးအစား Mi A1 လက်ကိုင်ဖုန်းကတော့ လေ့လာခဲ့သမျှအမျိုးအစားတွေထဲမှာ အမြင့်ဆုံးအဆင့်မှာရှိနေပြီး ၁ ကီလိုဂရမ်ကို 1.75 watts ရှိပါတယ်။

လေ့လာချက်အရ ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု အနိမ့်ဆုံးအဆင့်ကနေ အမြင့်ဆုံးရှိတဲ့ လက်ကိုင်ဖုန်းအမျိုး အစားတွေကို ဖော်ပြရရင် —

• Samsung Galaxy Note 8 – 0.17

• ZTE Axon Elite – 0.17

• LG Q6/Q6+ – 0.28

• Motorola Moto g5 plus – 0.30

• Xiaomi Redmi Note 5 – 1.29

• iPhone 7 – 1.38

• Google Pixel 3 XL – 1.39

• HTC U12 life – 1.48

• Xiaomi Mi A1 – 1.75

သင့်လက်ရှိကိုင်နေတဲ့ လက်ကိုင်ဖုန်းအမျိုးအစားက ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု အနိမ့်ဆုံးပဲဖြစ်ဖြစ်၊ အမြင့် ဆုံးပဲဖြစ်ဖြစ် အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်ကို အနည်းနဲ့အများ ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် လက်ကိုင် ဖုန်းကို ဆိုးကျိုးသက်ရောက်မှုနည်းအောင် အောက်ပါအချက်အတိုင်း ကိုယ်တွယ်အသုံးပြုသင့်ပါတယ်။

တတ်နိုင်သလောက် လက်ကိုင်ဖုန်းကို သင့်နဲ့ ခပ်ဝေးဝေးမှာထားပါ။ အသုံးမပြုရင် ဒါမှမဟုတ် ညဘက်အိပ်ချိန် မှာ Airplane Mode လုပ်ထားပါ။ ဒီလိုဆိုရင် ဓာတ်ရောင်ခြည်ထုတ်လွှတ်မှုကို အနည်းနဲ့အများ ကာကွယ်ရာ ရောက်ပါတယ်။

နောက်ထပ် သတိပြုရမယ့်အချက်က လက်ကိုင်ဖုန်းအသုံးပြုချိန်ကို တတ်နိုင်သလောက်လျော့ပါ။ မလိုအပ်ဘဲ အချိန်ပြည့်မသုံးသင့်ပါဘူး။ ဖုန်းပြောမယ်ဆိုလည်း နားနဲ့ကပ်နားထောင်တာထက် စပီကာဖွင့်ပြောတာဖြစ်ဖြစ်၊ နားကြပ်တပ်ပြောတာဖြစ်ဖြစ်၊ Hand-Free Kit သုံးတာဖြစ်ဖြစ် အသုံးပြုပေးပါ။

ဒီအချက်တွေအတိုင်း ဂရုစိုက်မယ်ဆိုရင် လက်ကိုင်ဖုန်းက ထွတ်တဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ရောင်ခြည်ထုတ် လွှတ်မှုတွေကို ကာကွယ်ရာရောက်တယ်လို့ ဂျာမနီနိုင်ငံ ဓာတ်ရောင်ခြည်ကာကွယ်ရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

Ref: Emma Deangela

Did you find apk for android? You can find new Free Android Games and apps.
Loading