ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်တန်ရုံတွေကို သိတတ်ပေမယ့် အရေပြားကင်ဆာ၊ ဆီးချို စတဲ့ ရောဂါလက္ခဏာတွေကိုတော့ လူတိုင်းမသိနိုင်ပါဘူး။ ဒါကြောင့် ဒီတခါမှာ ဆိုးဝါးတဲ့ ရောဂါတွေ မဖြစ်ပွားခင် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်တဲ့ ရှေ့ပြေးလက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဆီးချို
ဆီးချိုရောဂါ ဖြစ်ပွားတော့မယ်ဆိုရင် မကြာခဏဆီးသွားခြင်း၊ အကြောင်းပြချက် မရှိဘဲ ကိုယ်အလေးချိန် တက်ခြင်း၊ ကျခြင်း၊ မြင်ကွင်းဝေဝါးခြင်း၊ ရေဆာခြင်း၊ ဗိုက်ခဏခဏ ဆာခြင်း၊ ဒဏ်ရာရပါက ပျောက်ရန် ကြာခြင်း၊ မောပန်းခြင်းနဲ့ ခြေလက်ထုံကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။
(၂) အရေပြား ကင်ဆာ
အရေပြားကင်ဆာရဲ့ အဓိက လက္ခဏာတွေကတော့ အရေပြား နီမြန်းခြင်း၊ အသားဝါခြင်း၊ မှဲ့များပေါ်လာခြင်း၊ အနာမကျက်ခြင်း၊ မှဲ့များပုံစံပြောင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အရေပြားကင်ဆာနဲ့ သေဆုံးသူဟာ တနှစ်ကို လူသုံးထောင်ခန့် သေဆုံးလေ့ရှိတယ်လို့ သိရပါတယ်။
(၃) ကြွက်သားရောဂါ
အရိုးနဲ့ ကြွက်သားရောဂါစတင်ဖြစ်ပွားလာပြီဆိုရင် ကြုံတွေ့ရမယ့် လက္ခဏာတွေကတော့ ကြွက်သားတွေ မကြာခဏနာကျင်ခြင်း၊ ထုံနာကျင်နာဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အသားနီခြင်း ကြွက်သားထုံးခြင်း စတာတွေ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။
(၄) အဆုတ်ရောဂါ
အဆုတ်ရောဂါဖြစ်ရင် ခံစားရမယ့် ရောဂါ လက္ခဏာတွေကတော့ ချောင်းဆိုးသွေးပါခြင်း၊ ချောင်းရက်ရှည်ဆိုးခြင်း (တလထက်ပိုခြင်း) ၊အသက်ရှုကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နာတာရှည် ချွဲကြပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။
(၅) အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ
အစာချေစနစ်မှာ ရောဂါဖြစ်နေရင် တွေ့ရမယ့် လက္ခဏာတွေကတော့ ဝမ်းလျောခြင်း၊ မစင်မှာ သွေးပါခြင်း၊ မစင်မည်းခြင်း၊ ဝမ်းမနိုင်ခြင်း၊ သွေးအန်ခြင်း၊ အလေးသွားတဲ့ ပုံစံ မမှန်ခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။
Ref; Brightside.com