နှလုံးအမောဖောက်မှုဟာ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ အဖြစ်များနေတယ်လို့ လေ့လာချက်အသစ်တွေက သိရပါတယ်။ သုသေသနပြုလုပ်သူတွေက ဘာကြောင့် ဒီလို ဖြစ်ရတယ်ဆိုတာကို လေ့လာနေတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။
ငါးနှစ်တာကာလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ သုသေသနတွေအရ အမေရိကန်နိုင်ငံမှာရှိတဲ့ နှလုံးအထူးကုဌာနတွေမှာ နှလုံးအမောဖောက်ပြီး ရောက်ရှိလာတဲ့ လူနာတွေဟာ အသက် ၃၅နှစ်ကနေ အသက် ၅၄နှစ်အတွင်းမှာ ရှိတဲ့ အမျိုးသမီးတွေဖြစ်နေတာကို တွေ့ရပါတယ်။
နှလုံးရောဂါဖြစ်ပွားလို့ ဆေးရုံလာရတဲ့ သက်လတ်အမျိုးသမီးပမာဏဟာ ၁၉၉၀ နဲ့ ၂၀၀၀ နှစ်များထက် ၁၀ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။ သက်လတ်ပိုင်းအမျိုးသားတွေကတော့ ၃ရာခိုင်နှုန်းလောက်သာ မြင့်တက်လာတာပါ။
“အမေရိကန်နိုင်ငံအနှံ့အပြားမှာ အမောဖောက်ပြီး ဆေးရုံရောက်လာတဲ့ လူနာတွေထဲမှာ အမျိုးသားတွေထက် သက်လတ်ပိုင်းအမျိုးသမီးတွေပိုပြီး များနေတယ်။ အမျိုးသမီးတွေကြားမာ ဒီရောဂါဖြစ်ပွားမှုက အရမ်းကို မြင့်တက် နေပါတယ် ” လို့ အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယား ဆေးတက္ကသိုလ်က အကြီးတန်း တာဝန်ရှိသူဖြစ်တဲ့ Melissa Caughey ကပြောပါတယ်။
နှလုံးအမောဖောက်မှုဟာ နှလုံးထဲကို သွေးအလုံအလောက်မရောက်ရှိမှုကြောင့် ဖြစ်တယ်လို့ သိရပြီး အမေရိကန်နိုင်ငံမှာ နှစ်စဉ်သေဆုံးသူူ ၇သိန်း၉သောင်းခန့်ရှိတယ်လို့ အမေရိကန်နိုင်ငံရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန က ပြောပါတယ်။
နှလုံးအမောဖောက်ခြင်းဟာ နှလုံးရောဂါအခံရှိသူတွေမှာ အဖြစ်များပြီး သေဆုံးတဲ့ အထိဖြစ်ပွားနိုင်တဲ့ ရောဂါတမျိုးလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ တကမ္ဘာလုံးရဲ့ နှစ်စဉ်လူသေဆုံးမှုမှာ ၈၅ရာခိုင်နှုန်းက နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
Ref;cnn