Health

အိန္ဒိယသူတွေ အသုံးပြုတဲ့ ဆံပင်အရှည်မြန်စေတဲ့ လျှို့ဝှက်ချက်နည်းလမ်းများ

အိန္ဒိယသူအများစုဟာ ဆံပင်မည်းနက်သန်စွမ်းပြီး ဆံသားကောင်းမွန်ကြတာကို ဘောလိဝုဒ်ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ အခုဖော်ပြပေးမှာကတော့ အိန္ဒိယသူတွေရဲ့ ဆံပင်သန်စွမ်းပြီး အရှည်မြန်စေဖို့အတွက် အသုံးပြုကြတဲ့ လျှို့ဝှက်ချက်နည်းလမ်းတွေကို အလှအပချစ်သူပျိုမေတွေအတွက် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁) ကြက်ဥအနှစ်

ဆံသားအားဖြည့်ပေးဖို့အတွက် အကောင်းဆုံးသဘာဝပစ္စည်းတခုဖြစ်တဲ့ ကြက်ဥအနှစ်ကို ခေါင်းမလျှော်ခင် နာရီဝက်ခန့်အလိုတည်းက ဦးရေပြားနဲ့ ဆံသားအနှံ့သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ခြင်းဟာ ဆံပင်အရှည်မြန်စေတဲ့အပြင် ဆံသားကို ကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။

(၂) ရှားစောင်းလက်ပတ်

အလှအပရေးရာ တော်တော်များများမှာ အသုံးဝင်လှတဲ့ ရှားစောင်းလက်ပတ်ဟာဆိုရင်တော့ ဆံပင်နဲ့ ပတ်သက်ရင် အိန္ဒိယသူတွေ အသုံးများတဲ့ သဘာဝပစ္စည်းတမျိုးပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ပင်က ရတဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်ကို ဆံသားအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပေးပြီး နာရီဝက်ခန့်ကြာမှ ခေါင်းလျှော်ပေးခြင်းက ဆံပင်ကို သိသိသာသာ အရှည်မြန်စေမှာပဲ ဖြစ်ပါတယ်။

(၃) ရေအေး

ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ပုံမှန်ထက်အနည်းငယ်ပိုအေးတဲ့ ရေအေးကို လောင်းချပေးခြင်းက ဦးရေပြားသွေး လှည့်ပတ်မှု ကို ကောင်းမွန်စေတဲ့အပြင် ဆံသားကို သန်စွမ်းစေပြီး ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

(၄) အုန်းဆီ

အုန်းဆီဟာ ဆိုရင်တော့ အိန္ဒိယတိုင်းရင်းဆေးတွေမှာရော အလှအပရေးရာမှာပါ မပါမဖြစ် အသုံးပြုကြတဲ့ သဘာဝအဆီတမျိုးပဲဖြစ်ပါတယ်။ အိန္ဒိယသူတွေ ဆံသားကောင်းမွန်ရခြင်းရဲ့လျှို့ဝှက်ချက်ကတော့ အုန်းဆီကို ဆံသားမှာ အမြဲလိုလို လိမ်းကျံပေးကြခြင်းကြောင့်လည်း ဖြစ်ပါတယ်။

အုန်းဆီရဲ့ စေးကပ်တဲ့အနေအထားကို မကြိုက်သူတွေအနေနဲ့တော့ ခေါင်းမလျှော်ခင်တိုင်း အုန်းဆီကို ဆံသားအနှံ့ ရွှဲနေအောင်လိမ်းပေးကာ ဦးရေပြားကို အသာအယာ နှိပ်နယ်ပေးပြီးမှ ခေါင်းလျှော်ပေးခြင်းက ဆံပင်နဲ့ ပတ်သက်တဲ့ ပြဿနာအမျိုးမျိုးကို ပျောက်ကင်းစေနိုင်မှာဖြစ်သလို ဆံပင်အရှည်မြန်စေမှာလည်း ဖြစ်ပါတယ်။

Ref. brihtside.mew

Loading