Health

Diet အချိုရည်ဘူး နေ့စဉ်သောက်ရင် နှလုံးနဲ့ လေဖြတ်ရောဂါဖြစ်နိုင်ခြေများပြား

ပုံမှန်အချိုရည်တွေထက် သကြားပါဝင်မှုနည်းလို့ ရောဂါမဖြစ်နိုင်ဘူးလို့ယူဆပြီး သောက်သုံးနေကြတဲ့ Diet အချို ရည် နေ့စဉ်သောက်သူတွေမှာ သွေးခဲခြင်းကြောင့် လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ဆက်နွှယ် နေတယ်လို့ အမေရိကန် နှလုံးရောဂါဆိုင်ရာ လေ့လာရေးအဖွဲ့နဲ့ အမေရိကန် လေဖြတ်၊ လေငန်းဆိုင်ရာ လေ့လာရေး အဖွဲ့တို့ရဲ့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။

ရောဂါနဲ့ ဆက်နွှယ်နေသူတွေဟာ အမျိုးသမီးအများစုဖြစ်ပြီး အထူးသဖြင့် မျိုးရိုးမှာ နှလုံးရောဂါမရှိသူတွေနဲ့ အဝ လွန်သူတွေမှာ အဖြစ်များတာကို တွေ့ရှိခဲ့ကြပါတယ်။ အရင်လေ့လာချက်တွေမှာလည်း Diet အချိုရည်တွေဟာ အတိတ်မေ့ရောဂါ၊ ဆီးချိုအဆင့် ၂ ၊ အဝလွန်ရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆက်နွှယ်နေတာကို တွေ့ရှိခဲ့ပြီးပါပြီ။

“လေ့လာချက်အသစ်ဟာ Diet အချိုရည်တွေနဲ့ နှလုံး၊ လေဖြတ်ရောဂါတွေ ဆက်နွှယ်နေတာကို ထပ်ပြီးသက် သေပြလိုက်နိုင်တာပါပဲ။ အရင်က ရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေကို တိတိကျကျမပြောနိုင်ပေမယ့် ခုတော့ ဒီလေ့လာချက်အသစ်ကြောင့် အာရုံစိုက်နေကြပြီ” လို အမေရိကန် အာရုံကြောဆိုင်ရာ ဆေးပညာအကယ်ဒမီမှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ရက်ဖ် ဆက်ကို ကဆိုပါတယ်။

လေ့လာချက်အတွက် အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ်ရှည်လေ့လာခဲ့ကြပြီး သူတို့သောက်သုံးခဲ့တဲ့ အချိုရည်ပမာဏ ကို သုံးလတကြိမ်တွက်ချက်ကာ ပျမ်းမျှ ၁၁ နှစ်ကျော်လောက် လေ့လာခဲ့ကြတာလို့ ဆိုပါတယ်။ အဓိကအနေနဲ့ Diet အချိုရည်နှစ်ရှည်သောက်သုံးခဲ့တဲ့ အမျိုးသမီးတွေမှာ သွေးခဲခြင်းကြောင့် ဖြစ်လာတဲ့လေ ဖြတ်ရောဂါနဲ့ဆက်စပ်ပုံတွေကို အသေးစိတ်လေ့လာကြတာပါ။

ထွက်ပေါ်လာတဲ့ရလဒ်အရ နေ့စဉ် Diet အချိုရည် နှစ်ဘူးကနေ နှစ်ဘူးထက် သောက်သုံးမယ်ဆိုရင် သွေးခဲ ပိတ်ဆို့ခြင်းကြောင့် လေဖြတ်ရောဂါ ၃၁ ရာခိုင်နှုန်း၊ နှလုံးရောဂါ ၂၉ ရာခိုင်နှုန်းနဲ့ Diet အချိုရည် တပတ်တခါ ဒါ မှမဟုတ် ၂ ပတ်တခါလောက်ပဲသောက်သူတွေထက် သေဆုံးနိုင်ခြေ ၁၆ ရာခိုင်နှုန်းအသီးသီး ထွက်ပေါ်လာပါ တယ်။

ဆန်းစစ်လေ့လာချက်မှာပါတဲ့ အမျိုးသမီးတွေထဲက နှလုံးရောဂါနဲ့ လေဖြတ်ရောဂါမျိုးရိုးမရှိသူတွေကို စိစစ် ကြည့်တဲ့အခါ မျိုးရိုးမရှိသော်ငြားလည်း အဝလွန်နေသူတွေနဲ့ အမေရိကန်-အာဖရိကန်မျိုးနွယ်ဝင်တွေမှာ ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက် လာတာကို တွေ့ရှိခဲ့ကြပါတယ်။

ပုံမှန်ကိုယ်အလေးချိန်နဲ့ ပုံမှန်ထက်အနည်းငယ်ပိုဝတဲ့ အမျိုးသမီးတွေမှာ ရောဂါလက္ခဏာဖြစ်နိုင်ခြေ နည်းပေ မယ့် အထူးသဖြင့် အသက် ၃၀ ကျော် အဝလွန်အမျိုးသမီးတွေမှာ ရောဂါလက္ခဏာဖြစ်နိုင်ခြေ အများဆုံးတွေ့ရှိ ခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်နှလုံးရောဂါဆိုင်ရာလေ့လာရေးအဖွဲ့ကြီးက Diet အသင့်သောက်အချိုရည်အစား ကယ်လို ရီနည်းပြီး ကျန်းမာရေးကို အကျိုးပြုတဲ့ အသီးဖျော်ရည်တွေ အစားထိုးသောက်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref: CNN

Loading