ထောပတ်သီးတွေ လွယ်လွယ်ကူကူ ဝယ်ယူလို့ရတဲ့ အခုလို ရာသီမှာ ထောပတ်သီးကို အသုံးပြုပြီး မျက်နှာ အသားအရေအလှအပအတွက် ပေါင်းတင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
ထောပတ်သီးဟာဆိုရင်တော့ မျက်နှာအသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့အပြင် မျက်နှာအသားအရေကို ဖြူဝင်းစေနိုင်ပြီး အရေးအကြောင်းတွေကို လျော့နည်းစေကာ အသားအရေကို စိုပြည်ကြည်လင်စေနိုင်ပါတယ်။
(၁) ထောပတ်သီးနဲ့ ပျားရည်
ဒီပေါင်းတင်နည်းကတော့ အသားအရေခြောက်သွေ့သူတွေနဲ့ ဝက်ခြံထွက်လွယ်သူတွေ၊ အမည်းစက်နဲ့ ဝက်ခြံ အမာရွတ် ရှိသူတွေအတွက် အသုံးတည့်စေမှာပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှည့်တခြမ်းနဲ့ ပျားရည် လက်ဖက်ရည် ဇွန်းတဇွန်းတို့ကို ရောစပ်ကာ မျက်နှာအသားအရေပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ ခန့်ကြာရင် ရေနဲ့ ပြန်လည် ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။
(၂) ထောပတ်သီးနဲ့ဒိန်ချဉ်
ထောပတ်သီးမှည့်တခြမ်းနဲ့ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရောစပ်ကာ မျက်နှာပေါ်မှာ လိမ်းကျံပေးပြီး ရေနဲ့ ပြန်လည်ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။ ဒီပေါင်းတင်နည်းဟာဆိုရင်တော့ အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် အသားအရေကို ကြည်လင်တောက်ပစေနိုင်တဲ့အပြင် အစိုဓာတ်ကိုလည်း ဖြည့်တင်း ပေးနိုင်တာကြောင့် အသားအရေခြောက်သွေ့သူတွှေအနေနဲ့ တပတ်မှာ ၂ ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။
(၃) ထောပတ်သီးနဲ့ ငှက်ပျောသီး
ထောပတ်သီးမှည့်တခြမ်းနဲ့ ငှက်ပျောသီးမှည့်တလုံးတို့ကို ရောစပ်ကြိတ်ချေပြီး မျက်နှာပေါ်မှာ လိမ်းကျံပေးကာ မိနစ် ၂၀ ခန့််ကြာရင်တော့ ရေနဲ့ပြန်လည် သန့်စင်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒီပေါင်းတင်နည်းဟာဆိုရင်တော့ အသားအရေ အမျိုးအစားအားလုံးနဲ့ကိုက်ညီတာကြောင့် တပတ်မှာ ၂ ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။
(၄) ထောပတ်သီးနဲ့ကြက်ဥ
မျက်နှာအသားအရေ အဆီပြန်သူတွေအတွက်တော့ ဒီနည်းလမ်းက တကယ်ကို အသုံးတည့်စေမှာ ဖြစ်ပါတယ်။ ကြက်ဥတလုံးရဲ့အကာနဲ့ ထောပတ်သီးမှည့်တခြမ်းတို့ကို ရောစပ်ကာ မျက်နှာပေါ်မှာ လိမ်းကျံပေးရမှာပဲ ဖြစ်ပါတယ်။
Ref. www.stylecraze.com