တနေ့ကို ရေ ၈ခွက်သောက်ရင် ရလာမယ့် အကျိုးကျေးဇူးများ
ခန္ဓာကိုယ်မှာ အများဆုံးက ရေပဲ ဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေး၊ ချွေး၊ မျက်ရည် အစရှိတာတွေ အားလုံးကို ရေအုပ်စုထဲ ထည့်ထားပါတယ်။ ကျန်းမာစွာနေထိုင်ခြင်းကို ရရှိဖို့ ရေများများသောက်ဖို့လည်း လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လည်ပတ်နေတဲ့ လုပ်ငန်းဆောင်တာတွေ အတွက် တနေ့ကို ရေ ၈ခွက် သောက်သင့်တယ်လို့ သိရပါတယ်။
ဒါကြောင့် တနေ့ကို ရေ ၈ခွက်သောက်ရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) စိတ်ကြည်လင်စေခြင်း
ရေဓာတ်ပြည့်ဝနေတဲ့ လူတယောက်ဟာ စိတ်ကြည်လင်ပြီး ဖန်တီးနိုင်စွမ်းတွေ မြင့်မားတယ်လို့ သိရပါတယ်။ အာရုံစူးစိုက်မှုကိုလည်း ပိုပြီး ကောင်းမွန်စေပါတယ်။
(၂) အသားအရေ စိုစွတ်ခြင်း
ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုပြီး အသားအရေ စိုပြေအောင် အပင်ပန်းမခံပါနဲ့။ ရေကိုသာ များများသောက်ပေးပါ။ ရေဟာ အသားအရေခြောက်သွေ့ခြင်းကို တားဆီးပေးပါတယ်။ သဘာဝတရားက ပေးတဲ့ လက်ဆောင်တခုဖြစ်တဲ့ ရေကို ကောင်းကောင်းအသုံးချဖို့ အကြံပေးချင်ပါတယ်။
(၃) ခေါင်းကိုက်ပျောက်ခြင်း
မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့ ခေါင်းမကြာခဏကိုက်နေရခြင်းဟာ ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ရေသောက်တဲ့ ပုံစံကို နည်းစနစ်ကျအောင် ပြောင်းလဲလေ့ကျင့်ကြည့်ပါ။ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ပြဖို့ လိုအပ်ပါတယ်။
(၄) ကိုယ်ခံအားကောင်းမွန်ခြင်း
ရေဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများကို အထောက်အကူပြုပါတယ်။ ရေကို စနစ်တကျ ပုံမှန်သောက်တဲ့ သူဟာ ကိုယ်ခံအားကောင်းမွန်ပြီး ဖျားနာလေ့သိပ်မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အဆိပ်အတောက် တွေလည်း ကင်းစေပါတယ်။ ရေများများသောက်ပြီး အပေါ့များများသွားခြင်းကြောင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပါတယ်။
Ref;thenewyorktime