အသက်ကြီးသူတွေ အနေနဲ့ မနက်ခင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ လမ်းလျှောက်ခြင်းကြောင့် သွေးဖိအားလျော့နည်းနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အဲဒီလေ့လာချက်မှာ မနက်ပိုင်း မိနစ် ၃၀ လောက် လမ်းလျှောက်ခြင်းကြောင့် သွေးဖိအားကို တနေကုန် ထိန်းညှိထားပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနေကုန်လုံးမှာလည်း မကြာခဏဆိုသလို လမ်းလျှောက်ပေးတယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို ရနိုင်ပါတယ်။ ဒီလေ့လာချက်ကို အသက် ၅၅ နှစ်ကနေ အသက် ၈၀ အတွင်း ရှိပြီး အဝလွန်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ပြုလုပ်ခဲ့တာလို့ သိပါတယ်။
သုသေသနပြုသူတွေအနေနဲ့ ဒီလို မနက်ခင်းပိုင်းလမ်းလျှောက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေကို ပြောပြပြီး လမ်းလျှောက်ခြင်းနဲ့ မနက်ခင်း လေ့ကျင့်ခန်းတွေကို ပြုလုပ်ခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။ တချို့သူတွေက မနက်ခင်း လမ်းလျှောက်တာထက်ပိုပြီး နေ့ခင်းပိုင်းတွေမှာပါ လမ်းလျှောက်ခြင်းကို ပြုလုပ်ခဲ့တာကြောင့် မနက်ခင်းက ရထားတဲ့ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းကို ဆက်ပြီး ထိန်းထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီသုသေသနပြုခြင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Dr. Michael Wheeler က “ကျနော်တို့ ပုံစံအမျိုးမျိုးနဲ့ ဒီသုသေသနကိုပြုလုပ်ခဲ့ပါတယ်။ အဓိကကတော့ မနက်ပိုင်း လမ်းလျှောက်ခြင်းဟာ သွေးဖိအားကို ထိန်းညှိပေးနိုင်သလားဆိုတာကို သိချင်လို့ပါပဲ”လို့ ပြောခဲ့ပါတယ်။
မနက်ပိုင်းကို နာရီဝက် လမ်းလျှောက်စေပြီး တနေကုန်လုံးမှာလည်း တနာရီ ထိုင်လိုက် နာရီဝက် လေ့ကျင့်ခန်းလုပ်လိုက် ပြုလုပ်ခိုင်းခဲ့တာပါ။ ရလဒ်ကတော့ သွေးတိုးရောဂါကို လျှော့ချပေးနိုင်ပါပဲ။
အမျိုးသားတွေ အနေနဲ့ မနက်ပိုင်းလမ်းလျှောက်တဲ့ အခါ သွေးဖိအားကောက်းမွန်ပြီး တနေကုန်ပြုလုပ်တဲ့ အခြားလေ့ကျင့်ခန်းတွေကတော့ အမျိုးသမီးတွေအပေါ် ပိုပြီး ကောင်းကျိုးသက်ရောက်ပြီး အမျိုးသားတွေကတော့ သိပ်မထူးခြားဘူးလို့ သိရပါတယ်။
Ref; theepochtimes