Health

စိတ်ကူးယဉ်ခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်

Want create site? Find Free WordPress Themes and plugins.

စိတ်ကူးယဉ်တတ်တဲ့သူတွေကို လူတော်တော်များများက အချိန်ဖြုန်းတတ်သူတွေလို့ ထင်မြင်တတ်ကြပေမယ့် သုတေသနလေ့လာမှုတွေအရ ဆိုရင်တော့ စိတ်ကူးယဉ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့လို့ စိတ်ပညာရှင်တွေရဲ့ သုတေသနလေ့လာချက်တွေမှာ ဖော်ပြထားတဲ့ စိတ်ကူးယဉ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် အထောက်အကူဖြစ်စေတဲ့ အချက်တွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေတယ်

လေ့လာချက်တွေအရ မှတ်ဉာဏ်ကိုပိုမိုကောင်းမွန်စေနိုင်တဲ့ နည်းလမ်းတွေထဲမှာ စိတ်ကူးယဉ်ခြင်းဟာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ Memory Recall ပြုလုပ်ခြင်းဟာ မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေသလိုပဲ စိတ်ကူးယဉ်ခြင်းဟာလည်း မှတ်ဉာဏ်စွမ်းရည်ကို ကောင်းမွန်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၂) ဖန်တီးနိုင်စွမ်းအား ပိုမိုကောင်းမွန်စေတယ်

ကမ္ဘာကျော်သိပ္ပံပညာရှင်တွေနဲ့ ဂီတပညာရှင်တွေဟာ စိတ်ကူးယဉ်ခြင်းကနေမှ လက်တွေ့ အကောင်အထည်ဖော်နိုင်ကြတာပဲ ဖြစ်ပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ စိတ်ကူးယဉ်တတ်သူတွေဟာ သာမန်ထက်ပိုပြီး ဖန်တီးနိုင်စွမ်းအား ၄၀ ရာခိုင်နှုန်းခန့် ပိုမိုကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။

(၃) ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေတယ်

စိတ်ကူးယဉ်ခြင်းဟာ ဦးနှောက်ထဲမှာ အတွေးပေါင်းများစွာနဲ့ ကွန့်မြူးနေတာဖြစ်တဲ့အတွက် ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ရာ ရောက်တာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို ပိုမိုမြင့်တက်စေနိုင်တာ ဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၄) စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်

စိတ်ကူးယဉ်ခြင်းဟာ အိပ်မွေ့ချခြင်းနဲ့ တရားထိုင်ခြင်းတို့လို့ပဲ စိတ်ကိုတည်ငြိမ်ပြီး အတွေးတွေအပေါ်မှာသာ စိတ်အာရုံဟာ စူးစိုက်နေတာကြောင့် စိတ်ဖိစီးမှုကိုလျော့နည်းစေနိုင်တယ်လို့ စိတ်ပညာရှင်တွေရဲအဆိုအရ သိရပါတယ်။ ညဘက်တွေမှာ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်တဲ့အပြင် စိတ်ပင်ပန်းမှုတွေကိုလည်း လျော့ကျစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

Ref : www.lifehack.org

Did you find apk for android? You can find new Free Android Games and apps.
Loading