ရေသောက်တာက ကောင်းတယ်ဆိုတာ လူတိုင်း သိပြီး လက်ခံထားကြတဲ့ အရာတခုဖြစ်ပါတယ်။ နေရာတိုင်းမှာ ရေကို လုံလောက်အောင်သောက်ပါဆိုတဲ့ စကားကို မြင်နေကြားနေကျပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေမသောက်သင့်တဲ့ အချိန်ဆိုတာ ရှိသေးတယ်လို့ သိရပါတယ်။ ဘာကြောင့် ရေမသောက်သင့်တာလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) အစားစားပြီးချိန်
အစားအများကြီး စားပြီးချိန်တွေမှာ ရေမသောက်သင့်ပါဘူး။ ဥပမာ နေ့လည်စာစားရင်း စားကောင်းလို့ ထမင်း ၂ပန်းကန်လောက်စားမိတဲ့ အချိန်မျိုးတွေပါ။ အစားအများကြီးစားပြီး ချက်ချင်း ရေသောက်ခြင်းဟာ ပြည့်ပြီးသား အစာအိမ်ကို ဒုက္ခရောက်စေပါတယ်။ ဝမ်းဗိုက်နာကျင်ခြင်းနဲ့ လေအောင့်ခြင်းတွေ ဖြစ်တတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။
(၂) လေ့ကျင့်ခန်း လုပ်ပြီးချိန်
လေ့ကျင့်ခန်းလုပ်ပြီးစမှာ ရေဆာတတ်ပါတယ်။ တကယ်တော့ ခန္ဓာကိုယ်က ချွေးထွက်လို့ ရေဆာသလို ခံစားရတာပါ။ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာ ဆုံးရှုံးလိုက်ရတဲ့ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်တို့ကို ရေသောက်ခြင်းကြောင့် ပြန်လည်မရရှိနိုင်ပါဘူး။ ဒါကြောင့် အဲဒီအချိန်မှာ ရေအစား အုန်းရည်ကို သောက်သင့်ပါတယ်။
(၃) ရေ အများကြီး သောက်ပြီးချိန်
ရေကို ခဏခဏသောက်တာ ကောင်းတယ်ဆိုပေမယ့် သာမန်တဲ့ ပိုပြီး သောက်တဲ့ အခါ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီလို ဖြစ်ရပ်မျိုးဟာ ဖြစ်ပွားမှုနည်းတယ်ဆိုပေမယ့် ဂရုစိုက်ဖို့တော့ လိုအပ်ပါသေးတယ်။ ရေကို လိုအပ်တာထက်ပိုပြီး သောက်သုံးခြင်းကြောင့် ဆိုဒီယမ် အားနည်းခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
Ref;lifehack