လက်တွေဟာ ခန္ဓာကိုယ်အတွက် ဘက်တီးရီးယားတွေကို သယ်ဆောင်ပေးတဲ့ အဓိက အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေဟာ လက်နဲ့ မကြာခဏဆိုသလို ထိတွေ့တဲ့အခါ ရောဂါပိုးမွှားတွေ ကူးစက်နိုင်တာကြောင့် ရှောင်ကြဉ်နိုင်စေဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) မျက်နှာ
မျက်နှာကို လက်နဲ့မကြာခဏဆိုသလို ကိုင်တွယ်ခြင်းဟာ လက်ကနေတဆင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်ပြီး ဝက်ခြံအပါအဝင် အရေပြား ဓာတ်မတည့်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) မျက်လုံး
ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ မျက်လုံးဟာ အနုနယ်ဆုံး အစိတ်အပိုင်းဖြစ်တာကြောင့် ရောဂါပိုးမွှားတွေ ကူးစက်လွယ်တဲ့အတွက် လက်နဲ့ မကြာခဏ ဆိုသလို မထိတွေ့ မကိုင်တွယ်သင့်ပါဘူး။
(၃) နှာခေါင်း
နှာခေါင်းအတွင်းမှာ သဘာဝအတိုင်း ဘက်တီးရီးယားတွေဟာ သဘာဝအတိုင်း ရှင်သန်နေထိုင်ကြပြီး နှာခေါင်းအတွင်းထဲကို နှိုက်လိုက်တဲ့အချိန်မှာတော့ လက်က ဘက်တီးရီးယားပိုးတွေနဲ့ ထိတွေ့လိုက်မိပြီး နှာခေါင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) လက်သည်း
တချို့သူတွေဟာ လက်သည်းအတွင်းက ကြေးတွေကို နှိုက်ထုတ်ပြီး မကြာခဏ သန့်ရှင်းရေးပြုလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမျိုး ပြုလုပ်တာဟာဆိုရင် အပေါ်ယံအနေနဲ့သာ ကြေးပြောင်သွားတယ်လို့ ထင်ရပြီး လက်သည်းကြားထဲမှာတော့ ဘက်တီးရီးယားတွေဟာ အမြဲရှိနေတတ်တာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ လက်သည်းကြားတွေကို မကြာခဏ နှိုက်ထုတ်သန့်ရှင်းခြင်း ပြုလုပ်မယ့်အစား လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောခြင်းက ကျန်းမာရေးကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။
(၅) တင်ပါး
တင်ပါးမှာရှိတဲ့ E.coli ဆိုတဲ့ ဘက်တီးရီးယားဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတာကြောင့် လက်နဲ့ မကြာခဏ မထိတွေ့ သင့်သလို ထိတွေ့ပြီးရင်လည်း လက်ကို ပုံမှန်ဆေးသင့်ပါတယ်။
Ref: www.littlethings.com