Health

အဝလွန် ထိုင်းရဲများ ဝိတ်ချသင်တန်းပေးနေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတဝန်းရှိ အဝလွန်နေသောရဲဝန်ထမ်းများကို ဗဟိုရဲလေ့ကျင့်ရေးဌာနသို့ အလှည့်ကျပို့ဆောင်၍ နှစ်ပတ်ကြာ အာဟာရနှင့်လေ့ကျင့်ခန်းများ ပေးမည်ဟု ထိုင်းသတင်းစာ Khaosod က ရေးသည်။

“တကယ်လို့ ခင်ဗျားဟာ ခပ်၀၀ ရဲဝန်ထမ်းဖြစ်နေရင် ပြဿနာတွေ အများကြီးရှိပါတယ်။ အလုပ်လုပ်ရတာ နှေးသလို သွားရလာရတာလည်း လေးလံပါတယ်။ တကယ်လို့ ရဲအရာရှိတယောက်က မှုခင်းကိစ္စအတွက် ခိုင်းလာပြီဆိုရင် သွက်သွက်လက်လက် မလုပ်နိုင်တာမျိုး လက်မခံပါဘူး” ဟု အာဟာရတာဝန်ခံဖြစ်သူ အကြီးတန်းရဲတပ်ကြပ် ဗိုလ်မှူးဆွန်ဖက်ချန်တာရက်က သတင်းစာသို့ ပြောသည်။

ရဲဝန်ထမ်း ၂၀၀ ခန့်ပါဝင်သည့် နှစ်ပတ်ကြာ အဆီချရေးအစီအစဉ်သည် ယခုလအစောပိုင်းတွင် အဆုံးသတ်မည်ဖြစ်သည်။ အချို့ရဲများသည် ကိုယ်အလေးချိန် ကီလို ၈၀ မှ ၆၀ အထိ ကျဆင်းသွားကြောင်း ဆွန်ဖက်က ပြောသည်။

နိုင်ငံတဝန်းရှိ ရဲစခန်းများသည် လေ့ကျင့်ရေးအပတ်စဉ် တပတ်လျှင် ၎င်းတို့ထဲမှ အဝဆုံးရဲများကို အဆီချပေးရေးအစီအစဉ်သို့ အမည်စာရင်းပေးပို့ကြရသည်။ အဝဆုံးရဲများသည် တနည်းအားဖြင့် စာရွက်စာတမ်းကိစ္စများတွင် တာဝန်ချထားကြကြောင်း ဆွန်ဖက်က ဆက်လက်ပြောကြားသည်။

“သူတို့အများစုက ရဲမှုခင်းမှတ်တမ်းရေးသွင်းရတဲ့တာဝန်ကျတဲ့သူတွေပါ။ သူတို့က လေ့ကျင့်ခန်းမလုပ်တာ (ဒါမှမဟုတ်) အလွန်အမင်းစားတာတွေ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လေ့ကျင့်ရေးစခန်းတွင် ရဲအရာရှိများသည် နေ့စဉ်ကိုယ်လက်လှုပ်ရှားပြုရပြီး စက်ဘီးစီးခြင်းနှင့် အားကစားလုပ်ခြင်း၊ ပရိုတိန်းဓာတ်ကြွယ်ဝသော အစားအသောက်များ စားသုံးခြင်းတို့ ပြုရကြောင်း ဆွန်ဖက်က ပြောသည်။ ၎င်းတို့ကိုယ်အလေးချိန်ကို လေ့ကျင့်ခန်းမယူမီနှင့် ယူပြီး မှတ်တမ်းကတ်ပြားများပင် ကိုင်ဆောင်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါလေ့ကျင့်ရေးစခန်းမှာ စတင်သည်မှာ တလကြာမြင့်ပြီဖြစ်သော်လည်း အင်္ဂ ါနေ့က အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ရဲချစ်သူဖေ့စ်ဘွတ်စာမျက်နှာပေါ် လွှင့်တင်ထားသော ဓာတ်ပုံများကို အင်တာနက်ကြည့်သူများက ဝင်ရောက်နှုတ်ဆက်၍ မှတ်ချက်ရေးသားကြသည်။

“ကိုယ်အလေးချိန်ကျသွားတာ ကောင်းပါတယ်။ ဘီယာသောက်ပြီး ကင်းလှည့်နေတဲ့ရဲတွေကို ကျနော် အမြဲတွေ့ရပါတယ်။ ဒီလိုပုံမျိုးနဲ့ မှုခင်းနှိမ်နင်းလုပ်ဖို့ ဘယ်လိုလုပ်လှုပ်ရှားမလဲဗျာ” ဟု တဦးက မှတ်ချက်ရေးသားထားသည်။

ကိုးကား ။ ။ Khaosod

Did you find apk for android? You can find new Free Android Games and apps.
Loading