ပျားရည်ဟာ ချိုမြပြီး ကျန်းမာရေးအရလည်း ကောင်းကျိုးတွေများလို့ နေ့တိုင်း စားသုံးသင့်တဲ့ အရာတခုဖြစ်ပါတယ်။ ပျားရည် အမျိုးအစားတွေဟာ ပျားတွေ စားသုံးတဲ့ အပင်နဲ့ လိုက်ပြီး ကွာသွားပေမယ့် ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်းမှာ ၆၄ ကယ်လိုရီ နဲ့ ကာဗွန်ဟိုက်ဒရိတ် ၁၇ ဂရမ်ပါဝင်တယ်လို့ သိရပါတယ်။ ပျားရည်ကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးတွေအများကြီးရှိလို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အသားအရေ လှပခြင်း
ပျားရည်ဟာ အစိုဓာတ်နဲ့ အာဟာရကို ပေးစွမ်းနိုင်တဲ့အတွက် အသားအရေအတွက် ကောင်းမွန်စေပါတယ်။ ပျားရည်ကို မျက်နှာမှာ လိမ်းခြင်းဟာ အရေပြားခြောက်သူတွေ အတွက် ကောင်းမွန်ပါတယ်။
(၂) ကိုယ်အလေးချိန်ကျခြင်း
ညအိပ်ရာမဝင်ခင်မှာ ပျားရည် ၁ဇွန်း စားခြင်းဟာ ကိုယ်အလေးချိန်လျော့ချရာမှာ ကူညီပေးပါတယ်။ ပျားရည်ဟာ ပိုနေတဲ့ အဆီတွေကို လျော့ချပေးတဲ့နေရာမှာ အသုံးဝင်တာကြောင့် မနက်အိပ်ရာထတဲ့ အချိန်မှာလည်း ရေနွေးနဲ့ ပျားရည်ကို သောက်သင့်ပါတယ်။
(၃) အနာကျက်စေခြင်း
ပျားရည်ဟာ မှိုများကို တိုက်ခိုက်နိုင်ခြင်း၊ ဘက်တီးရီးယားသေစေခြင်းနဲ့ အင်တီအောက်ဆီးဒင့်တို့ ပါဝင်တာကြောင့် အနာကျက်ဖို့ လွယ်ကူစေပါတယ်။
(၄) အအေးမိဖျားနာခြင်းကို သက်သာစေခြင်း
ရာသီအကူးအပြောင်းမှာ အဖြစ်များတဲ့ အအေးမိဖျားနာခြင်းကို သက်သာစေပါတယ်။ ပျားရည် ၁ဇွန်းစားခြင်းဟာ အအေးမိခြင်းနဲ့ လည်ချောင်းနာကျင်ခြင်းတို့ကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပျားရည်ဟာ ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ပျားရည်စားခြင်းဟာ သက်လုံကိုလည်း ကောင်းမွန်စေပါတယ်။
Ref; misskyra