Health

သံလွင်ဆီကို မနက်အိပ်ရာနိုးချင်းသောက်ပါက ကိုယ်အလေးချိန် လျော့ကျစေနိုင်

သံလွင်ဆီကို ဟင်းချက်ရုံ၊ အသုပ်ထဲထည့်စားရုံလောက်ပဲ အသုံးများကြပေမယ့် ဒီ့ထက်ပိုအကျိုးရှိတဲ့ ကျန်းမာ ရေးအကျိုးကျေးဇူးတွေရှိနေပါတယ်။ သံလွင်ဆီဟာ တခြားစားသုံးဆီတွေလို ဘေးထွက်ဆိုးကျိုးမရှိလို့ အစား အသောက်ပြင်ဆင်ချက်ပြုတ်တဲ့အခါ သုံးစွဲသင့်သလို ပညာရှင်တွေရဲ့လေ့လာချက်အရ သံလွင်ဆီမှာ ဆေးဖက် ဝင်ဓာတ်သတ္တုတွေနဲ့ ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစွမ်းသတ္တိတွေပါဝင်နေတာကို လေ့လာတွေ့ရှိခဲ့ကြပါ တယ်။

သံလွင်ဆီကို ရေရှည်အသုံးပြုတဲ့အခါ ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ကိုလက်စထရောပမာဏ များခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းကို မဖြစ်နိုင်ပါဘူး။ အခုဖော်ပြပါ လေ့လာချက်မှာတော့ သံလွင်ဆီကို တနေ့ စားပွဲတင်ဇွန်း သုံးဇွန်း ပုံမှန်စားပေးမယ်ဆိုရင် နာတာရှည်ရောဂါ၊ ကင်ဆာနဲ့ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင် တယ်လို့ ဆိုပါတယ်။

ဘရောင်းတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ မယ်ရီကတော့ နောက်ဆုံးထွက်ရှိခဲ့တဲ့ လေ့လာချက်ဟာ အပင် တွေကို အခြေခံထားတဲ့ စားသောက်မှုပုံစံကို လေ့လာရာမှသိရှိခဲ့တဲ့ သံလွင်ဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေလို့ ဆိုပါတယ်။

အပင်တွေကို အခြေခံပြီး ကိုယ်အလေးချိန်လျော့ချတဲ့ စားသောက်မှုပုံစံမှာ သံလွင်ဆီအပါအဝင်၊ အခွံမာသီး၊ ထောပတ်သီးတို့ကတဆင့် ရရှိတဲ့အဆီဓာတ်တွေကို တနေ့အနည်းဆုံး ၄ ၊ ၅ ဇွန်းစားပေးသင့်တယ်လို့ ဖော်ပြ ထားပါတယ်။

ကျန်းမာရေးအတွက်အထိရောက်ဆုံးကတော့ Virgin olive oil ကို မနက်အိပ်ရာနိုးနိုးချင်း စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်သောက်သုံးပေးမယ်ဆိုရင် ကိုယ်တွင်းအဆီတွေကို အလျင်အမြန်လောင်ကျွမ်းစေသလို၊ ဇီဝလှုပ်ရှားမှု စနစ် ပိုမိုမြန်ဆန်လာတာကြောင့် ကိုယ်အလေးချိန်လျော့ကျစေပြီး တနေ့တာအတွက် လိုအပ်တဲ့သကြားဓာတ် ပမာဏကိုပါ ထိန်းညှိပေးနိုင်ပါတယ်။

ဒါ့ပြင် သံလွင်ဆီဟာ FDA ကထုတ်ပြန်ချက်အရ နေ့စဉ်ပုံမှန် စားမယ်ဆိုရင် မပြည့်ဝဆီကြောင့် နှလုံးနဲ့ဆက်စပ် နေတဲ့ရောဂါတွေကို ကာကွယ်တားဆီးပေးပြီး၊ Antioxidants ဓာတ်က အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းနဲ့ စိတ်ဖိစီးမှုကြောင့် အရေးအကြောင်းဖြစ်ပေါ်ခြင်းကိုပါ သက်သာစေပါတယ်။

လေ့လာချက်တချို့မှာ သံလွင်ဆီဟာ သွေးခဲခြင်းကို ကာကွယ်နိုင်လို့ ရုတ်တရက်လေဖြတ်ခြင်းနဲ့ နှလုံးရပ်ခြင်း ကို တားဆီးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးလို့ သွေးတိုးသမားတွေအတွက် အထူးသင့်တော်ပါတယ်။

Ref: Emma Deangela

Loading