Health

သွေးလှည့်ပတ်မှုကောင်းမွန်ပြီး အညောင်းအညာပြေစေမယ့် ခြေထောက် ဆေးစိမ်နည်းများ

Want create site? Find Free WordPress Themes and plugins.

တနေကုန်လှုပ်ရှားသွားလာနေရာမှာ ခြေထောက်တွေဟာ အသုံးပြုရဆံုံးနဲ့ ဂရုမစိုက်ခံရဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း တခုပဲ ဖြစ်ပါတယ်။ ညဘက်အိပ်ရာမဝင်ခင် ခြေထောက်တွေကို သဘာဝပစ္စည်းတွေအသုံးပြုပြီး ဆေးစိမ်ပေးခြင်းဟာ ပင်ပန်းနွမ်းနယ်မှုနဲ့ ညောင်းညာကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့အပြင် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) ဆားနဲ့မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

ဒီနည်းလမ်းကို ပြုလုပ်ဖို့အတွက် ရေခပ်နွေးနွေး တဇလုံ၊ ဆားနဲ့ မုန့်ဖုတ်ဆိုဒါတို့ လိုအပ်ပါတယ်။ ဇလုံတခုထဲမှာ ရေခပ်နွေးနွေးကို ခြေထောက်မြုပ်ရုံလောက်ထည့်ပြီး ဆားအနည်းငယ်နဲ့ မုန့်ဖုတ်ဆိုဒါတို့ကို ရောစပ်ကာ ၁၅ မိနစ်ခန့်် ခြေထောက်ဆေးစိမ်ပေးခြင်းအားဖြင့် ညောင်းညာကိုက်ခဲမှုတွေကို ပြေပျောက်စေမှာ ဖြစ်ပါတယ်။

(၂) ပန်းသီးရှာလကာရည်ကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

ရေခပ်နွေးနွေးကို ဇလုံတခုထဲမှာ ခြေထောက်မြုပ်ရုံထည့်ပြီး ပန်းသီးရှာလကာရည်အနည်းငယ်ထည့်ကာ ၁၅ မိနစ်ခန့် ခြေထောက်ဆေးစိမ်ပေးပါ။ ဒီနည်းလမ်းဟာ ညောင်းညာမှုတွေကို ပြေပျောက်စေတဲ့အပြင် ခြေဖနောင့်ကွဲအက်ခြင်း တွေကို သက်သာပျောက်ကင်းစေနိုင်ပြီး ခြေထောက်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကိုပါ ပြေပျောက်စေနိုင် ပါတယ်။

(၃) သံလွင်ဆီ၊ ပူစီနံရွက်နဲ့သံပုရာသီးတို့ကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

ရေခပ်နွေးနွေး ထည့်ထားတဲ့ ဇလုံတခုထဲကို သံလွင်ဆီအနည်းငယ်၊ ပူစီနံရွက်၊ ဆားအနည်းငယ်နဲ့ အကွင်းလိုက်လှီး ထားတဲ့သံပုရာသီးစိတ်တို့ကို ထည့်ပြီး ၁၅ မိနစ်ခန့် စိမ်ပေးပါ။ ဒီနည်းလမ်းကို ပြုလုပ်ခြင်းဟာ ခြေထောက်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေကိုပါ ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

(၄) သဘာဝအဆီတွေကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

အုန်းဆီ၊သံလွင်ဆီ၊ နှမ်းဆီနဲ့ လေးညှင်းဆီတို့ကို ရေခပ်နွေးနွေးထည့်ထားတဲ့ ဇလုံတခုထဲကို ထည့်ပြီး ၁၅ မိနစ်ခန့် ခြေထောက်ဆေးစိမ်ပေးခြင်းအားဖြင့် ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲခြင်းကို ပြေလျော့သက်သာစေတဲ့အပြင် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

Ref. www.stylecraze.com

Did you find apk for android? You can find new Free Android Games and apps.
Loading