“Tamra jal” လို့ ခေါ်တဲ့ ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးဟာ လှပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လို့ သိရပါတယ်။ ရှေးတုန်းကလည်း ကြေးနဲ့ ပြုလုပ်ခဲ့တဲ့ ပစ္စည်းတွေကို အသုံးပြုကြပြီး ရရှိခဲ့တဲ့ ရလဒ်တွေက ကောင်းမွန်ခဲ့တာကြောင့် အခုခေတ်မှာ ထပ်မံပြီး သုသေသန ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အခုအခါမှာ ကြေးနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို အသုံးပြုပြီး ရေသောက်သုံးခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အစာချေစနစ် ကောင်းမွန်စေခြင်း
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးထဲကို ရေထည့်သောက်ခြင်းဟာ အစာချေစနစ်အတွက် ကောင်းမွန်တယ်လိ့ု့သိရပါတယ်။ အဲဒီရေဟာ ဝမ်းဗိုက်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့ အပြင် အစာအိမ်နာခြင်းကို သက်သာစေပါတယ်။
(၂) ကိုယ်ခံအားကောင်းမွန်စေခြင်း
ကြေးနီဟာ ပိုးမွှားများကို သေစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း နဲ့ ဗိုင်းရပ်စ်များကို သေစေခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တခုအရ ကြေးနီဟာ ဘတ်တီးရီးယားကြောင့် ဖြစ်ပေါ်တဲ့ ရောဂါတွေကို လျော့နည်းစေတယ်လို့ သိရပါတယ်။ ရှေးယခင်ကတည်းက ကြေးနီနဲ့ပြုလုပ်တဲ့ ရေဘူးကို အသုံးပြုတဲ့ အိန္ဒိယလို နိုင်ငံတွေဟာ ရေကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပွားမှုနည်းတယ်လိ့ု သိရပါတယ်။
(၃) ကိုယ်အလေးချိန်လျော့ကျစေခြင်း
အစာချေစနစ်နဲ့ ကိုယ်ခံအားစနစ်တို့ကို ကောင်းမွန်စေတဲ့အပြင် ကြေးနဲ့လုပ်ထားတဲ့ ရေဘူးထဲက ရေကို သောက်ခြင်းကြောင့် အဆီတွေကို ချေဖျက်နိုင်တယ်လို့ သိရပါတယ်။ ကိုယ်အလေးချိန်လျော့ချလိုသူတွေ အနေနဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ရင်း ကြေးရေဘူးထဲ ရေထည့်သောက်သင့်တယ်လို့ အကြံပြုထားပါတယ်။
(၄) ကင်ဆာကို လျော့ချပေးခြင်း
ကြေးရေဘူးထဲမှာ ရှိတဲ့ ရေဟာ Antioxidants ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ ကင်ဆာလျော့ချရေးအသင်းရဲ့ ကောက်နှုတ်ချက်အရ ကြေးနီမှာ ကင်ဆာရောဂါကို တိုက်ခိုက်နိုင်တဲ့ ဓာတ်တွေပါတယ်လို့ သိရပါတယ်။
(၅) အသားအရေ လှပစေခြင်း
ခေတ်မှီ အလှကုန်တွေ ထုတ်ရာမှာ ကြေးနီဟာ မပါမဖြစ် အရာတခုဖြစ်ပါတယ်။ ဆဲလ်အသစ်တွေ ကို ပြန်လည်မွေးဖွားခြင်းကို မြင့်တင်ပေးပြီး အသားအရေကိုလည်း ကြည်လင်စေပါတယ်။ ကျွမ်းကျင်သူတွေကတော့ ကြေးရေဘူးထဲကို ရေထဲပြီး သောက်ခြင်းဟာ အသားအရေလှပဖို့ အမြန်ဆုံး နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မနက်ခင်းတွေမှာ ပိုပြီး သောက်သင့်ပါတယ်။
Ref; hechalkboardmag