ရုပ်ရှင်တွေထဲက စူပါဟီးရိုးတွေဟာ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့်ပဲ လူအများရဲ့ အာရုံစိုက်မှုကို ခံကြရသူတွေဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် လူပုဂ္ဂိုလ်တွေကတော့ တကယ့် အပြင်လောကရဲ့ နေ့စဉ်လူမှုဘဝတွေမှာ သာမန်လူတွေအတိုင်း လှုပ်ရှားရုန်းကန် အသက်ရှင် နေထိုင်နေကြသူတွေ ဖြစ်ပေမယ့် သူတို့ရဲ့ မွေးရာပါမျိုးရိုး ဗီဇရောဂါကြောင့် တမူထူးခြားနေသူတွေလည်း ဖြစ်ပါတယ်။
(၁) Heterochromia Iridis လို့ခေါ်တဲ့ ခဏခဏ မျိုးရိုးဗီဇ ပြောင်းလဲမှုရောဂါကြောင့် တခုထက်ပိုတဲ့ မျက်လုံးအရောင်ကို ပိုင်ဆိုင်ထားသူတဦးဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Melanin ဒြပ်ပေါင်းချို့တဲ့ရာကနေ ဓာတ်ပုံထဲမှာ တွေ့မြင်ရတဲ့အတိုင်း တူညီတဲ့ မျက်လုံးထဲမှာတင် အရောင်နှစ်ခုဟာ ကွဲထွက်နေတာကိုတွေ့မြင်ရမှပါ။
(၂) နောက်ထပ် ထူးဆန်းတဲ့ လူတယောက်ကတော့ လက်ချောင်း ၆ ချောင်းနဲ့ ခြေချောင်း ၆ ချောင်း ပိုင်ဆိုင် ထားသူတဦးဖြစ်ပြီး လက်ခလယ်၂ချောင်း နဲ့ ခြေခလယ်၂ချောင်းဟာ တူညီတဲ့ အရွယ်အစားရှိနေတာပဲဖြစ်တဲ့အပြင် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာတဲ့ အစိတ်အပိုင်းတွေအဖြစ်လည်း တွေ့မြင်ရပါတယ်။
(၃) ဓာတ်ပုံမှာ ဖော်ပြထားတဲ့အတိုင်း ရှားပါးတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုရောဂါ (Waadenburg syndrome) ကို ခံစားနေရသူ တဦးဖြစ်ပြီး အသားအရေ၊ ဆံပင်နဲ့ မျက်စိတွေကို ထိခိုက်စေနိုင်တာဖြစ်တဲ့အပြင် တခါတရံမှာတော့ ဆံပင်တွေအကုန် ကျွတ်သွားစေတဲ့အထိ သက်ရောက်နိုင်တဲ့ ရောဂါတမျိုးလည်းဖြစ်ပါတယ်။
လူပေါင်း ၄သောင်း၂ ထောင်မှာ ၁ ယောက်သာ ခံစားရနိုင်ခြေရှိတဲ့ရောဂါဖြစ်တဲ့အပြင် နားတဖက် မကြားခြင်း၊ ဆံပင်အရောင် ကွဲပြားစေခြင်းနဲ့ မျက်လုံးအရောင် ကွဲပြားစေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။
(၄) Anonychia Congenital ဟာ မျိုးရိုးဗီဇရောဂါတမျိုးဖြစ်ပြီး ခြေသည်းနဲ့ လက်သည်းတွေအပေါ်ကို သက်ရောက်မှုရှိတဲ့ ရောဂါတမျိုးဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။ ဒီရောဂါကို ခံစားနေရသူတွေဟာ ခြေသည်းနဲ့ လက်သည်းတွေ မွေးကတည်းက ပါမလာဘဲ ပြောင်ချောကြီးတွေ ဖြစ်နေတတ်ပေမယ့် ကံအားလျော်စွာပဲ အခြား ကျန်းမာရေး အခြေအနေတွေဟာ သာမန်လူတွေလိုပဲ ထူးထူးခြားခြား သက်ရောက်မှု မရှိတာ တွေ့မြင်ရပါတယ်။
Ref : www.boredpanda.com