လက်သည်းနီဆိုးလေ့ရှိသူဖြစ်ဖြစ် ဆိုးလေ့မရှိသူဖြစ်ဖြစ်၊ လက်သည်း ရှည်သူရော တိုသူပါ လက်သည်းကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ တောက်ပတဲ့ လက်သည်းတွေကို ပိုင်ဆိုင်ထားသူတွေကတော့ ကံကောင်းသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလူတွေကလည်း လက်သည်းကျန်းမာရေးကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် လက်သည်းတွေ အမြဲလှအောင် ထိန်းသိမ်းရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဗီတာမင် အီး
ဗီတာမင် အီး ပါဝင်တဲ့ အဆီကို လက်သည်းမှာ လိမ်းပေးခြင်းက လက်သည်းကို တောက်ပစေပါတယ်။ လက်သည်းကို သာမကဘဲ လက်ပန်းကုန်းတွေကိုပါ လိမ်းပေးခြင်းဖြင့် လက်ကျန်းမာရေးကို ကောင်းမွန်စေပါလိမ့်မယ်။
(၂) အုန်းဆီ
အုန်းဆီမှာ အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာပါဝင်တာကြောင့် လက်သည်းတွေကို ကျိုးပဲ့ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အုန်းဆီကို နည်းနည်းအပူပေးပြီး လက်သည်းနဲ့ လက်ချောင်းတွေကို လိမ်းပေးခြင်းဖြင့် ဘက်တီးရီးယားများသေစေခြင်းနဲ့ မှိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) ပန်းသီးအချဉ်ဖောက် ရှာလကာရည်
ပန်းသီးအချဉ်ဖောက် ရှာလကာရည်ဟာ လက်သည်းကို အရှည်မြန်စေပါတယ်။ လက်သည်းကို ဖြောင့်အောင် ကူညီပေး တာကြောင့် အသုံးပြုဖို့ လိုအပ်တဲ့ အရာတခုလည်း ဖြစ်ပါတယ်။ ရေနွေးထဲမှာ အဲဒီရှာလကာရည်ကို ထည့်ဖျော်ပြီး လက်သည်းတွေကိုလိမ်းပေးနိုင်ပါတယ်။
(၄) သံပရာသီး
သံပရာသီးမှာ ဗီတာမင် စီ ကြွယ်ဝတာကြောင့် လက်သည်းကို သန်မာစေပါတယ်။ Alpha-Hydroxy Acid ပါဝင်တာကြောင့် လက်သည်းတွေကို မကြာခဏကျိုးပဲ့ခြင်းကို ကာကွယ်ပေးပါတယ်။ သံပရာသီး တခြမ်းလောက်ကို ရေနွေးထဲညစ်ထည့်ပြီး လက်ကို ၁၀မိနစ်လောက် အဲဒီရေထဲကြည့်လိုက်ရင် ထူးခြားတဲ့ အကျိုးတွေကို ခံစားရမှာ အသေအချာပါပဲ။
Ref; brigtside