Health

တနေ့ကို လေးညှင်းပွင့် ၂ ပွင့် စားပေးခြင်းအားဖြင့် ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ

ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ လေးညှင်းပွင့်ရဲ့ မူလမျိုးရင်း အစကတော့ အင်ဒိုနီးရှားနိုင်ငံကပဲ ဖြစ်ပါတယ်။ အနံ့စူးရှရှရှိတဲ့ လေးညှင်းမှာ ပရိုတင်း၊သံဓာတ်၊ ပိုတက်ဆီယမ်၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်နဲ့ အမျှင်ဓာတ် စတဲ့ အာဟာရတန်ဖိုးတွေ ပါဝင်တာကြောင့် တနေ့ကို လေးညှင်းပွင့် ၂ ပွင့်ခန့် စားသံုံးပေးရုံနဲ့ ရရှိလာနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

လေးညှင်းပွင့်ဟာ အစာခြေဖျက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ထိထိရောက်ရောက် ကောင်းမွန်စေနိုင်ပါတယ်။ အစာမကြေတာ၊ ပျို့အန်တာ၊ ဗိုက်နာဗိုက်အောင့်ဖြစ်တာတွေနဲ့ ဝမ်းချုပ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

(၂) ကိုက်ခဲနာကျင်မှုတွေကို ပျောက်ကင်းစေနိုင်တယ်

လေးညှင်းပွင့်မှာပါဝင်တဲ့ Eugenol ဟာ ကိုက်ခဲနာကျင်မှုတွေနဲ့ ရောင်ရမ်းမှု ဝေဒနာတွေကို ပျောက်ကင်း စေနိုင်ပါတယ်။ လေးညှင်းပွင့်မှာပါဝင်တဲ့ Eugenol ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ခံတွင်းဖျန်းဆေးတွေနဲ့ လည်ချောင်းနာသက်သာစေတဲ့ ဆေးဝါးတွေမှာ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။

(၃) အရိုးအဆစ်တွေကို ကောင်းမွန်စေတယ်

လေးညှင်းပွင့်မှာ ပါဝင်တဲ့ Flavonoids,Manganese,Eugeol ဓာတ်တွေဟာ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်တာကြောင့် တိုင်းရင်းဆေးဝါးတွေမှာ လေးညှင်းဆီစစ်စစ်ကို ရောင်ရမ်းနာကျင်မှုတွေအတွက် အသုံးပြုလေ့ရှိကြပါတယ်။

(၄) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

လေးညှင်းပွင့်မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကိုယ်တွင်းခုခံအားစနစ်ကို မြင့်တက်စေတဲ့ သွေးဖြူဥဆဲလ်တွေကို မြင့်တက်စေတာကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်တဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

လေးညှင်းပွင့်ဟာ အခုဖော်ပြပေးခဲ့တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိတာမှန်ပေမယ့် ကိုယ်ဝန်ဆောင်တွေ၊ အသည်းကျန်းမာရေးပြဿနာရှိသူတွေ၊ ဓာတ်မတည့်မှုမကြာခဏဖြစ်တတ်သူတွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေအနေနဲ့တော့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါဘူး။

Ref : brightside.me

Loading