ဒီနေ့ခေတ်ရဲ့ နေ့စဉ် လူနေမှုဘဝမှာ အသင့်စား အစားအစာတွေနဲ့ ပြုပြင်စီမံထားတဲ့ အစားအစာတွေကို စားသုံးမှု များပြားလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်းမှာလည်း အဆိပ်အတောက်တွေ ပြည့်နှက်လာနေပါတယ်။
အစားအစာတွေမှာတင် မဟုတ်ဘဲ ပတ်ဝန်းကျင် လေထုနဲ့ သောက်သုံးနေတဲ့ ရေတွေမှာပါ မမြင်နိုင်တဲ့ ပိုးမွှားတွေ အနည်းနဲ့ အများ ဆိုသလို ပါဝင်နေတာကြောင့်လည်း ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ရှိနေတာ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ များပြားလာနေပြီဆိုတာ အခုဖော်ပြပေးမယ့် လက္ခဏာတွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။
(၁) မကြာခဏ ဝမ်းချုပ်ခြင်း
စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ဓာတုဆိုးဆေးတွေနဲ့ အရသာ ရှိအောင် ပြုပြင် စီမံထားတဲ့ ပါဝင်ပစ္စည်းတချို့ကို အစာအိမ်ရဲ့ အစာခြေစနစ်ဟာ ကောင်းမွန်စွာ မချေဖျက်နိုင်တာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေတာပါ။
(၂) ခန္ဓာကိုယ်က ချွေးနံ့ဆိုးများထွက်ခြင်း
ဓာတုပစ္စည်းတွေနဲ့ မသန့်ရှင်းတဲ့ အစားအစာတွေကို အစာအိမ်က ချေဖျက်လိုက်နိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ခန္ဓာကိုယ်တွင်းကနေ ချွေးနံ့ဆိုးတွေ ထွက်လာပြီး ခံတွင်းအနံ့ဆိုးခြင်းတွေကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။
(၃) ကြွက်သားတွေနဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်း
မတော်တဆမှုကြောင့် အဆစ်အမြစ်တွေနဲ့ ကြွက်သားနာကျင်ရောင်ရမ်းတာမျိုး မဟုတ်ဘဲ မကြာခဏဆိုသလို ကြွက်သားတွေ နာကျင်မယ်၊ အဆစ်အမြစ်တွေ ကိုက်ခဲနေတယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေလို့ပဲ ဖြစ်ပါတယ်။
(၄) အိပ်စက်ရ ခက်ခဲခြင်း
ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များပြားနေခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တဲ့ Cortisol ဟော်မုန်းကို လျော့နည်းစေတာကြောင့် ညအိပ်ရာဝင်ချိန်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်မှာ မဟုတ်ပါဘူး။
(၅) ဆံပင်ကျွတ်ခြင်း
ဆံပင် အကျွတ်များခြင်းဟာလည်း ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ အယ်လ်ကိုဟော သောက်သုံးမှုများခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကလည်း ဆံပင်အကျွတ်များစေတဲ့ အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။
Ref. brightside.me