Health

ခြေဖနောင့်က အသားမာတွေကို ပျောက်ကင်းသက်သာစေမယ့် နည်းလမ်းကောင်းများ

Want create site? Find Free WordPress Themes and plugins.

အရေပြားမှာ ဖြစ်တတ်တဲ့ အသားမာ ဆိုတာမျိုးဟာ အချိန်ကြာမြင့်စွာ ပွတ်တိုက်မှုတွေ ရှိလာတဲ့အခါ အရေပြားထူထဲလာခြင်းပဲ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ခြေဖနောင့်မှာဖြစ်တတ်တဲ့ အသားမာတွေဟာ ကျန်းမာရေးအတွက် ပြဿနာ သိပ်မရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကွဲအက်လာပြီး နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ခြေဖနောင့်က အသားမာတွေကို ပျောက်ကင်းသက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ခပ်ပျစ်ပျစ် အနေအထားရအောင် ရောစပ်ပြီး ခြေဖနောင့်က အသားမာပေါ်ကို လိမ်းကျံပေးပါ။ နာရီဝက်လောက်ကြာရင် ရေခပ်နွေးနွေးနဲ့ ပြန်လည်ဆေးကြောပေးခြင်းအားဖြင့် အချိန်တိုအတွင်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၂) ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တရှိတာကြောင့် ခြေဖနောင့်က အသားမာတွေ ယားယံနာကျင်လာခြင်းနဲ့ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး အသားမာနေရာပေါ်ကို လိမ်းကျံပေးနိုင်ပါတယ်။

(၃) ရေနွေး

ရေခပ်နွေးနွေးနဲ့ ခြေထောက်စိမ်ပေးခြင်းဟာ ခြေဖနောင့်က အသားမာတွေကို သက်သာစေနိုင်တဲ့အပြင် ညောင်းညာကိုက်ခဲမှုတွေကိုပါ ပြေပျောက်စေနိုင်ပါတယ်။ ရေခပ်နွေးနွေးထဲကို သံလွင်ဆီ ဒါမှမဟုတ် Tea Tree Oil အနည်းငယ် ရောစပ်ပြီး စိမ်ပေးမယ်ဆိုရင် လျင်လျင်မြန်မြန် သက်သာပျောက်ကင်းစေမှာပါ။

(၄) Aspirin ဆေးပြား

အကိုက်အခဲပျောက်ဆေးတမျိုးဖြစ်တဲ့ Aspirin ဆေးပြား ၅ ပြားခန့်ကို သံပုရာရည်၊ ရေအနည်းငယ်တို့နဲ့ ရောစပ်ကြိတ်ချေကာ ခြေဖနောင့်က အသားမာနေရာပေါ်ကို လိမ်းကျံပြီး ၁၀ မိနစ်ခန့်ထားပေးပါ။ ပြီးရင်တော့ ရေနဲ့ပြန်လည်ဆေးကြောပြီး ချေးတွန်းကျောက်တုံးနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးခြင်းအားဖြင့် သိသိသာသာ ပျောက်ကင်းစေမှာဖြစ်ပါတယ်။

Ref. brightside.me

Did you find apk for android? You can find new Free Android Games and apps.
Loading