Health

အာရှနိုင်ငံများရဲ့ ကလေးငယ်တွေဟာ တကမ္ဘာလုံးအတိုင်းအတာမှာ အကျန်းမာဆုံးဖြစ်

Want create site? Find Free WordPress Themes and plugins.

သုတေသန လေ့လာချက်စစ်တမ်းတွေအရ အာရှနိုင်ငံက ကလေးငယ်တွေဟာ တကမ္ဘာလုံးမှာအတိုင်းအတာအရ တခြားသောနိုင်ငံက ကလေးတွေထက် ပိုမိုကျန်းမာကြတယ်လို့ ဆိုပါတယ်။

အာရှနိုင်ငံတွေထဲမှာမှာ အထူးသဖြင့် ဂျပန်နိုင်ငံက ကလေးတွေဟာ တကမ္ဘာလုံးမှာ အကျန်းမာဆုံးဖြစ်ကြတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အာရှနိုင်ငံက ကလေးငယ်တွေဟာ သူတို့ကြီးပြင်းနေထိုင်ကြတဲ့ ပတ်ဝန်းကျင်ကပဲ သူတို့ကို ကျန်းမာစေတာ ဖြစ်တယ်လို့ သုတေသီတွေက ဆိုကြပြီး ဒီလိုကျန်းမာရတဲ့ အကြောင်းရင်းတွေကိုတော့ စစ်တမ်းတွေမှာ အခုလိုပဲ ဖော်ပြထားပါတယ်။

(၁) တရုတ်နိုင်ငံက စာသင်ကျောင်းအများစုမှာဆိုရင် ကလေးတွေအမြင်အာရုံ ငယ်ငယ်ရွယ်ရွယ်နဲ့ မထိခိုက်စေဖို့နဲ့ သွေးလှည့်ပတ်မှု ကောင်းမွန်စေဖိုအတွက် မျက်လုံးလေ့ကျင့်ခန်းကို စာသင်ချိန်တချိန်ပြီးတိုင်း ပြုလုပ်ကြရပါတယ်။ ဒါ့အပြင် စာရေး၊စာဖတ်ပြုလုပ်တဲ့အခါ စာအုပ်နဲ့မျက်နှာ နီးနီးကပ်ကပ်ဖြစ်ပြီး မျက်လုံးမထိခိုက်စေဖို့အတွက် စာသင်ခုံနဲ့ကလေးတွေ ထိုင်တဲ့ထိုင်ခုံကြားမှာ ဘားတန်းတခုပြုလုပ်ကာ မျက်လုံးအကွာအဝေးကို ဂရုစိုက်လေ့ကျင့် ပေးကြပါတယ်။

(၂) ဂျပန်နိုင်ငံက စာသင်ကျောင်းအများစုဟာ ဒုတိယကမ္ဘာစစ်အပြီးကနေစပြီး နေ့လယ်စာကို ကျောင်းကနေပြင်ဆင် ကျွေးမွေးတဲ့စနစ် စတင်ကျင့်သုံးခဲ့ပါတယ်။ ဒီစနစ်ဟာဆိုရင်တော့ ကလေးတွေ ငယ်ရွယ်စဉ်ကာလကနေစပြီး အသင့်စားအစားအစာတွေရဲ့ ကျန်းမာရေးအန္တရာယ်ကို သိရှိစေဖို့နဲ့ ဥရောပနိုင်ငံတွေက ကလေးအများစုလို အသင့်စားအစားအစာတွေနဲ့ ကြီးပြင်းလာမှုကို ရပ်တန့်စေတာ ဖြစ်ပါတယ်။

(၃) တောင်ကိုရီးယားနိုင်ငံမှာဆိုရင်တော့ ကလေးတွေကို အားလပ်ရက်တွေမှာ ပါတီပွဲကျင်းပပေးတာမျိုးထက် သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ကာ ကြီးပြင်းစေပါတယ်။ စာသင်ကျောင်းတွေကနေလည်း စခန်းကျခရီးထွက်ခြင်း အစီအစဉ်တွေနဲ့ ခရီးဝေးလမ်းလျှောက်ခြင်းတွေကို ကျန်းမာရေးအတွက်ရော စိတ်အပန်းဖြေမှုအတွက်ပါ ပြုလုပ်ပေးကြပါတယ်။

(၄) အာရှနိုင်ငံတွေထဲမှာမှ ဖွံ့ဖြိုးဆဲ နိုင်ငံတော်တော်များများမှာ ကလေးတွေ ကျောင်းသွားတဲ့အခါ အနောက်နိုင်ငံတွေမှာလို ကား၊ရထား စတဲ့ယာဉ်တွေထက် လမ်းလျှောက်သွားလာမှုသာ များပြားပါတယ်။ ဒီအလေ့အကျင့်ဟာဆိုရင်တော့ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသလို ပတ်ဝန်းကျင်အပေါ် လေ့လာမှုအားလည်း မြင့်တက်စေပါတယ်။

Ref. brightside.me

Did you find apk for android? You can find new Free Android Games and apps.
Loading