Health

သင်္ကြန်ရေစိုပြီး အပူရှပ်ဖျားနာခြင်း မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ

နှစ်ဟောင်းကုန်လို့ အတာရေနဲ့ ဆေးကြောကြမယ့် နှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် လည်ပတ်ကြမယ့် သူတွေအနေနဲ့ ပူပြင်းတဲ့ နွေရာသီနေပူပူအောက်မှာ အပူရှပ်ခြင်းမျိုး မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။

နွေရာသီရဲ့ ပူပြင်းလှတဲ့နေအပူဒဏ်နဲ့ သင်္ကြန်ရေအေးအေးတို့ကြောင့် ခန္ဓာကိုယ်တွင်းမှာ အပူအအေးမမျှမတဖြစ်ပြီး အပူရှပ်ဖျားနာခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) ရေများများသောက်ပါ

သင်္ကြန်ရေကြောင့် ခန္ဓာကိုယ်အပြင်ဘက်က ရေစိုနေပေမယ့် နေအပူရှိန်ကြောင့် ကိုယ်တွင်းရေဓာတ်ခမ်းခြောက် တာမျိုး ဖြစ်တတ်တာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်ပြည့်ဝနေမှုဟာ ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် ရေများများသောက်ဖို့ လိုအပ်ပါတယ်။

(၂) နေလောင်ဒဏ်ကနေ တတ်နိုင်သလောက် ကာကွယ်ပါ

နေလောင်တာဟာလည်း ကိုယ်တွင်းအပူချိန်ကို တိုးစေပြီး အပူရှပ်စေနိုင်တာကြောင့် သင်္ကြန်မှာ ရေပက်ခံထွက်မယ့် သူတွေအနေနဲ့ နေကာမျက်မှန်၊ နေရောင်ကာခရင်မ်စတာတွေကို မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။

(၃) အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ

အရက်၊ဘီယာစတဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေဟာ ကိုယ်တွင်းအပူချိန်ကို တိုးစေတာကြောင့် အလွန်အကျွံသောက်သုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။

(၄) တင်းကြပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်းကနေ ရှောင်ကြဉ်ပါ

တင်းကြပ်လွန်းတဲ့ အဝတ်အစားတွေဟာ သင်္ကြန်လည်ပတ်မယ့်သူတွေအတွက် သက်သောင့်သက်သာ ရှိစေမှာ မဟုတ်တဲ့အပြင် ခန္ဓာကိုယ်ကို အပူချိန်မမျှတစေတာကြောင့် သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားတွေ ကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၅) နေပူထဲ အချိန်ကြာမြင့်စွာနေခြင်းကနေ ရှောင်ကြဉ်ပါ

သင်္ကြန်ရေစိုနေတဲ့အချိန်မှာ နေပူထဲ အချိန်ကြာမြင့်စွာနေခြင်းဟာ အပူရှပ်စေနိုင်တာကြောင့် နေပူထဲတနေကုန် နေခြင်းမျိုး အစား အရိပ်ထဲ ခေတ္တခဏခန့် နေသင့်ပါတယ်။

Ref. www.wikihow.health

Loading