ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်မှုဟာ နေ့စဉ် စားသောက်နေထိုင်မှုပုံစံနဲ့ အိပ်စက်ခြင်းပုံစံတို့နဲ့ ဆက်စပ်နေပါတယ်။ ဆေးပညာရှင်တွေရဲ့ လေ့လာပြောကြားချက်တွေအရ အိပ်စက်တဲ့အခါ ဘယ်ဘက်စောင်းအိပ်ပေးခြင်းဟာ ကျန်းမာရေးအတွက် အံအားသင့်ဖွယ်ရာကောင်းလောက်အောင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
(၁) အိပ်စက်နေစဉ် ဟောက်ခြင်းကို သက်သာစေတယ်
အိပ်စက်နေစဉ် ဟောက်တတ်သူတွေကို ဘယ်ဘက်စောင်းအိပ်ဖို့ ဆေးပညာရှင်တွေက အကြံပြုလေ့ရှိပါတယ်။ လေပြွန်တွင်းက လေတွေဟာ ညင်သာစွာ ရှုထုတ်နိုင်စွမ်းအား မရှိတဲ့အခါမျိုးနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေဟာ အများအားဖြင့် ဟောက်တတ်ကြတာကြောင့် အိပ်စက်တဲ့အခါ ဘယ်ဘက်ကို စောင်းအိပ်ပေးသင့်ပါတယ်။
(၂) အစာခြေစနစ်ကို ကောင်းမွန်စေတယ်
အိပ်စက်တဲ့အခါ ညာဘက်ကိုစောင်းအိပ်ခြင်းဟာ အစာအိမ်တွင်းက Gas တွေ ပိုမိုထုတ်လွှတ်မှုကို ဖြစ်စေတာကြောင့် အိပ်ရာကနိုးတဲ့အခါ ရင်ပူရင်ဆာဖြစ်ခြင်း ကိုဖြစ်ပေါ်တတ်ပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းဟာဆိုရင်တော့ အစာအိမ်ရဲ့ အစာခြေဖျက်မှုစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ အစာအိမ်နာခြင်း စတဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်သက်သာစေနိုင်ပါတယ်။
(၃) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်
ဘယ်ဘက်စောင်းအိပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေတာကြောင့် ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သူတွေနဲ့ စိတ်ဖိစီးမှုများခြင်းကြောင့် အိပ်မပျော်သူတွေကို အိပ်ပျော်စေနိုင်ပါတယ်။
(၄) သွေးလည်ပတ်မှုအားကောင်းစေတယ်
ဘယ်ဘက်စောင်းအိပ်ခြင်းဟာ နှလုံးသွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် ကိုယ်တွင်းသွေးလည်ပတ်မှုကိုပါ ကောင်းမွန်စေနိုင်ပါတယ်။
(၅) နှလုံးကျန်းမာရေးကောင်းမွန်စေတယ်
ဘယ်ဘက်စောင်းအိပ်ခြင်းဟာ အိပ်စက်နေစဉ် နှလုံးသွေးစီးဆင်းမှုကို အထောက်အကူဖြစ်စေတာကြောင့် နှလုံးကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.littlethings.com