Health

လက်တွေ မကြာခဏ တုန်ယင်နေရတဲ့ အကြောင်းအရင်းများ

လက်တွေ တုန်ယင်နေတာမျိုးဟာ ဂရုမစိုက်ဘဲ ထားသင့်တဲ့အရာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာပါ ထိခိုက်နိုင်ချေတွေ ရှိနေတာဖြစ်လို့ တခြားအရာတွေလိုပဲ အရေးကြီးပါတယ်။

လက်မှာရှိတဲ့ အာရုံကြောတွေကို ဦးနှောက်က ထိန်းချုပ်ထားတာဖြစ်လို့ လက်တွေ တုန်နေတာဟာ ကျန်းမာရေး ထိခိုက်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်တွေ မကြာခဏ တုန်နေရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကော်ဖီ အသောက်များခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ တနေ့ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုပြီး မသောက်သုံးသင့်ဘူးလို့ သိရပါတယ်။ ဒါဟာ ကော်ဖီ ၅ ခွက်စာ ပမာဏခန့်ရှိပြီး ဒီထက်များသွားရင် ကတုန်ကယင်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိုးရိမ်ကြီးခြင်းနဲ့ နှလုံး အရမ်းခုန်ခြင်းတွေ ဖြစ်တတ်ပါတယ်။

(၂) ဆေး အသောက်များခြင်း

နေမကောင်းတဲ့ အချိန်တွေမှာ သောက်ရတဲ့ အချို့ဆေးတွေဟာ အားပြင်းလွန်းပါတယ်။ ဒီလို အားပြင်းတဲ့ ဆေးတွေကိုနဲ့ မတည့်တဲ့အခါမျိုးတွေမှာ လက်တွေ တုန်လာတတ်ပါတယ်။ တကယ်လို့ သင်က ဆေးအသစ်တခုကို စပြီး သောက်တဲ့အခါ လက်တွေ တုန်လာတယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းပြန်ပြောဖို့ လိုအပ်ပါတယ်။

(၃) အရက် အသောက်များခြင်း

အရက်ကို နေ့စဉ်ရက်ဆက် သောက်ပြီး ရုတ်တရက် မသောက်ဘဲ နေလိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အရက်အသောက်များတဲ့ပြီးနောက် အရက်နာကျနေတဲ့ ရက်တွေအတွင်းမှာ လက်တွေက သိသိသာသာကို ကတုန်ကယင် ဖြစ်နေတတ်ပါတယ်။

(၄) အိပ်ရေး မဝခြင်း

အိပ်ရေး မဝခြင်းကလည်း လက်တွေကို တုန်စေပါတယ်။ အိပ်ချိန် သတ်မှတ်ချက်ဟာ လူတယောက်နဲ့ တယောက် မတူညီနိုင်တဲ့ အတွက် သင့်ရဲ့ အိပ်ချိန်လိုအပ်ချက်ကို သေသေချာချာ သိဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝတာကြောင့် လက်တုန်လာတယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းနဲ့ တရားထိုင်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

Ref; rd.com

Loading