နှစ်တနှစ်ရဲ့ ဇွန်လတိုင်းဟာ အမျိုးသားတွေ ကျန်းမာရေးကို ဂရုစိုက်ဖို့ အသိပေးရတဲ့ လဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အမျိုးသားတော်တော်များများကတော့ သူတို့ရဲ့ ကျန်းမာရေး ပြောင်းလဲမှုတွေကို သိပ်ပြီး ဂရုစိုက်လေ့မရှိကြပါဘူူး။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ လျစ်လျူရှုမထားသင့်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အစာ စားရခက်ခြင်း
အစားအသောက်တွေကို မျိုချတဲ့ နေရာမှာ ခက်ခဲတဲ့ ရောဂါဟာ အမျိုးသားတွေမှာ ဖြစ်လေ့ရှိပါတယ်။ နယူးယောက်မြို့မှာ ရှိတဲ့ အမျိုးသားကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု ဌာနက ဆရာဝန်တွေရဲ့ ပြောကြားချက်အရ အစာမျိုချဖို့ ခက်ခဲတာဟာ အစားအစာတွေနဲ့ ဓာတ်မတည့်မှုရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်သလို အစာပြွန် ကင်ဆာဖြစ်နိုင်ချေလည်း ရှိတယ်လို့ ဆိုပါတယ်။
(၂) ကိုယ်အလေးချိန် လျော့ကျခြင်း
တကယ်လို့ သင်က ကိုယ်အလေးချိန် များနေသူတယောက် ဖြစ်လို့ အစားလျော့စားတာ၊ လေ့ကျင့်ခန်းလုပ်တာ တွေကြောင့် ကိုယ်အလေးချိန် လျော့ကျလာတာက ဝမ်းသာစရာကောင်းပေမယ့် ဘာမှ မလုပ်ဘဲ ရုတ်တရက် ပိန်သွားတာမျိုးဆိုရင်တော့ ဆရာဝန်ဆီကို ချက်ချင်းပြေးဖို့ လိုအပ်နေပါပြီ။
(၃) အိပ်တဲ့ ပြဿနာ
သင်က အရမ်းအိပ်နေတာ၊ နည်းနည်းပဲ အိပ်ပျော်တာ ဒါမှမဟုတ် အိပ်ရခက်တာတွေ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ကို ပြောပြဖို့ လိုအပ်လာပါပြီ။ ဒါတွေဟာ စိတ်ကျရောဂါ၊ အိပ်စေချိန်မှာ အသက်ရှုကြပ်ခြင်း၊ ကိုယ်အလေးချိန် ပြောင်းခြင်း နဲ့ ဆီးချိုရောဂါတွေ ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။
(၄) ခန္ဓာကိုယ် ယားယံခြင်း
တကယ်လို့ သင့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ မကြာခဏ ယားယံတာမျိုး ဖြစ်နေတယ်ဆိုရင် ရောဂါတွေ ဖြစ်နိုင်ချေ အများကြီး ရှိနေနိုင်ပါတယ်။ သွေးဖြူဥနဲ့ ဆိုင်တဲ့ ရောဂါတွေ အပြင် ဆီးချို ရောဂါလည်း ဖြစ်နိုင်ချေ ရှိတယ်လို့ သိရပါတယ်။
(၅) ဆီးသွားရ ခက်ခြင်း
ရုတ်တရက်ကြီး ဆီးသွားရခက်တာမျိုးတွေကို ကြုံနေရပြီဆိုရင် သင့်ရဲ့ ဆီး ဒါမှမဟုတ် သုက်ထဲမှာ သွေးတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေကြောင့် လိင်တံထောင်မတ်ဖို့ ခက်ခဲခြင်းနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
Ref:RD