လူအများစုကတော့ ဖုန်းပြောတဲ့အခါ ဖုန်းကိုင်တဲ့လက်အသုံးပြုတဲ့ ဘက်ခြမ်းနဲ့ပဲ လွယ်လွယ်ကူကူ ဖုန်းပြောလိုက်လေ့ရှိပါတယ်။ လေ့လာမှုတွေအရ ဆိုရင်တော့ ဖုန်းကနေထွက်တဲ့ ရေဒီယိုဓာတ်ရောင်ခြည်တွေဟာ ဦးနှောက်အပေါ်သက်ရောက်ပြီး ရေရှည်မှာ ဦးနှောက်ထိခိုက်မှုတွေ ဖြစ်နိုင်တာကြောင့် ဘယ်နားရွက်ကို အသုံးပြုသင့်လဲဆိုတာဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
စစ်တမ်းတွေအရ ၆၈ ရာခိုင်နှုန်းသော လူတွေဟာ ဖုန်းပြောတဲ့အခါ ညာဘက်နားရွက်ကို အသုံးပြုကြပြီး ၂၅ ရာခိုင်နှုန်းသောလူတွေကတော့ ဘယ်ဘက်နားရွက်ကို ဖုန်းနားထောင်တဲ့အခါ အသံုံးပြုကြပါတယ်။ ၇ ရာခိုင်နှုန်း သောလူတွေကတော့ ဖုန်းပြောတဲ့အခါ ဘယ်ဘက်ရော ညာဘက်ခြမ်းနားရွက်ကိုပါ အသုံးပြုကြတယ်လို့ ဆိုပါတယ်။
ဦးနှောက်ကင်ဆာအပါအဝင် Brain Tumors ရောဂါတွေဟာ ဖုန်းကနေထွက်တဲ့ ရေဒီယိုဓာတ်ရောင်ခြည်နဲ့ ဖုန်းပြောတဲ့အခါ ဘယ်နားရွက်ကို အသုံးပြုလဲဆိုတာတွေနဲ့ ဆက်စပ်နေတာကြောင့် မပေါ့ဆသင့်တဲ့ ပြဿနာတခုပဲ ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်မှု အသုံးနိုင်ဆုံးဘက်ခြမ်းနဲ ဖုန်းနားထောင်တဲ့အပိုင်းဟာ ဆက်စပ်နေတာကြောင့် မိမိဟာ Left Brain Thinker လား Right Brain Thinker လားဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။
အလုပ်တခုကို စနစ်တကျ တိကျသေချာစွာလုပ်ချင်တယ်၊ ကိစ္စတခုခုကို လေးလေးနက်နက်ခွဲခြမ်းစိတ်ဖြာ တတ်သူတွေဟာ Left Brain သမားတွေဖြစ်ကြပြီး တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းပြီး အနုပညာမျက်စိ ရှိသူတွေကတော့ Right Brain သမားတွေ ဖြစ်ကြပါတယ်။
သင်ဟာ Right Brain Thinker သမားဆိုရင်တော့ ဖုန်းကို ဘယ်ဘက်နားရွက်နဲ့ နားထောင်သင့်ပြီး Left Brain Thinker သမားဆိုရင်တော့ ညာဘက်နားရွက်နဲ့ ဖုန်းနားထောင်သင့်ပါတယ်။ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရဆိုရင်တော့ မိမိအသုံးပြုတဲ့ ဖုန်းအမျိုးအစားရဲ့ လုပ်ဆောင်မှုကောင်းတဲ့ ဘက်ခြမ်းနဲ့ နားထောင်ခြင်းဟာ ဓာတ်ရောင်ခြည်သင့်ပြီး ဦးနှောက်ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
i phone, Samsung, HTC ဖုန်းတွေဟာ ညာဘက်ခြမ်း လုပ်ဆောင်မှု ပိုမိုကောင်းမွန်ကြပြီး LG နဲ့ Xiaomi ဖုန်းတွေကတော့ ဘယ်ဘက်ခြမ်းလုပ်ဆောင်မှု ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။
ဖုန်းနားထောင်ခြင်းကြောင့် ဦးနှောက်ထိခိုက်ပျက်စီးမှုမရှိဖို့အတွက် ဖုန်းကို အချိန်ကြာကြာ နားနဲ့ကပ်ပြီးပြောခြင်းကို ရှောင်ကြဉ်သင့်ပြီး ဖုန်းအချိန်ကြာကြာ ပြောဖို့ လိုအပ်တဲ့အခါမျိုးမှာဆိုရင်လည်း နားကြပ်အသုံးပြုပြီး နားထောင်တာမျိုးကို ပြုလုပ်သင့်ပါတယ်။
Ref. www.bustle.com