သွားတွေ ပျက်စီးနေတဲ့ လူတွေဟာ ရေခဲသောက်တာ ဖြစ်ဖြစ်၊ ရေခဲမုန့် စားတာ ဖြစ်ဖြစ် သွားတွေ နာကျင်တာမျိုးကို ကြုံဖူးမှာပါ။ သွားမကြာခဏ ကိုက်တဲ့အခါမှာလည်း အစားပျက် အသောက်ပျက်နဲ့ စိတ်ညစ်ဖို့ အရမ်းကောင်းပါတယ်။ ဒါကြောင့် သွားတွေ ပျက်စီးရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သွားတိုက်ခြင်း
သွားတိုက်တာက ကောင်းတဲ့ ကိစ္စ တခုမှန်း အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ လိုအပ်တာထက် ပိုပြီး သွားတိုက်ရင်တော့ သွားကျန်းမာရေးကို ထိခိုက်မှာ သေချာပါတယ်။ သွားကို တနေ့ ၂ကြိမ်၊ ၃မိနစ်ခန့် ညင်ညင်သာသာ တိုက်ပေးရင် ရပါပြီ။ ဒီလို မဟုတ်ဘဲ မကြာခဏ တိုက်နေမယ်ဆိုရင် အပေါ်ယံ ကြွေတွေ ပျက်စီးသွားနိုင်ပါတယ်။
(၂) အံကြိတ်ခြင်း
တချို့လူတွေဟာ ကိုယ်တိုင် သတိမထားမိပေမယ့် အံကြိတ်တာတွေ လုပ်နေတတ်ပါတယ်။ စိတ်ဖိအားတွေများလွန်းတဲ့ အချိန်မှာ အိပ်နေရင်း အံကြိတ်လေ့ရှိကြပြီး အဲဒီလို ပြုလုပ်ခြင်းကြောင့် သွားတွေ ပိုပြီး ပျက်စီးရပါတယ်။ ဒါကြောင့် အိပ်နေရင်း အံကြိတ်နေပြီဆိုရင် သွားဆရာဝန်ကို ပြဖို့ လိုအပ်နေပါပြီ။
(၃) တိုက်စားခြင်း
ဓာတုပစ္စည်းတွေများတဲ့ အစားအသောက်တွေကို စားတဲ့ အခါမှာ သွားဖုံးနဲ့ ကြွေတွေ ပျက်စီးတတ်ပါတယ်။ သွားကို ဖြူအောင် လုပ်ပေးတဲ့ အရာတွေကို အသုံးပြုပြီး အလွန်အမင်း သွားတိုက်လိုက်တာကြောင့် သွားဖုံးတွေကို တိုက်စားစေပါတယ်။
(၄) အသက်အရွယ်
အသက်ကြီးလာတာကြောင့်လည်း သွားတွေ ပျက်စီးစေပါတယ်။ အသက်အရွယ်ကြောင့် ခံတွင်းအတွင်းက ကျန်းမာရေး လုပ်ဆောင်ချက်တွေဟာ နှေးကွေးသွားပါတယ်။ ဒါကြောင့် ခံတွင်းကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖို့နဲ့ သွားဆရာဝန်ကို အမြဲ တွေ့ဖို့ လိုအပ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာများ
သွားတွေကို ထိခိုက် ပျက်စီးစေနိုင်တဲ့ အလေ့အကျင့်များ
သွားကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်စေဖို့ သတိထားသင့်တဲ့အချက်များ
Ref: Tipandtricks