ခြေထောက်မှာရှိတဲ့ သွေးကြောမျှင်တွေဟာ နှလုံး၊ ဦးနှောက်၊ ကျောရိုးမ စတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေနဲ့ ဆက်စပ်နေတာကြောင့် ခြေထောက်တွေရဲ့ ပုံမှန် မဟုတ်တဲ့ အခြေအနေတခုကနေ ကျန်းမာရေး အန္တရာယ်တွေကို သိရှိနိုင်ပါတယ်။
(၁) ခြေဖျား အေးစက်ခြင်း
ရာသီဥတုအေးလို့ မဟုတ်ဘဲ ခြေဖျားတွေ မကြာခဏ ဆိုသလို အေးစက်နေတတ်တယ်ဆိုရင်တော့ ဒါဟာ သွေးအားနည်းခြင်း လက္ခဏာဖြစ်သလို ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု မကောင်းခြင်းနဲ့ ဆီးချို၊ သွေးချို စတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ တရပ်လည်း ဖြစ်ပါတယ်။
(၂) ခြေထောက်ရောင်ရမ်းခြင်း
နာကျင်မှု မရှိဘဲ ခြေထောက်တွေ ရောင်ရမ်းနေခြင်းဟာ ခန္ဓာကိုယ်တွင်းမှာ အရည်တွေများပြီး ခြေထောက်မှာ လာစုနေတဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလက္ခဏာဟာ ဆိုရင်တော့ အသည်း၊ ကျောက်ကပ်နဲ့ နှလုံးစတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ကျန်းမာရေးပြဿနာ ရှိနေပြီဆိုတာကို ညွှန်ပြနေသလို ကိုယ်တွင်းသွေးလှည့်ပတ်မှု မကောင်းတဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။
(၃) ခြေထောက်ထုံကျင်ခြင်း
ခြေဖနောင့်နဲ့ ခြေဖဝါးတဝိုက်ဟာ ဘာနာကျင်မှုမှ မခံစားရဘဲ ထုံကျင်ကျင်ဖြစ်နေရခြင်းဟာ ဆီးချိုရောဂါဝေဒနာရှင်တွေမှာ အများအားဖြင့် ဖြစ်ပေါ်လေ့ ရှိပြီး အာရုံကြောကျန်းမာရေး ပြဿနာရှိသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဦးနှောက်သွေးခဲပြီး လေဖြတ်နိုင်ခြေရှိကြောင်း သတိပေးတဲ့ ကျန်းမာရေး လက္ခဏာတခုလည်း ဖြစ်ပါတယ်။
(၄) ခြေထောက်ကြွက်တက်ခြင်း
မကြာခဏဆိုသလို ခြေထောက်ကြွက်တက်ခြင်းဟာ သွေးလည်ပတ်မ ှုစနစ်မှာ ပြဿနာရှိနေပြီ ဆိုတာကို သတိပေးနေတာဖြစ်ပြီး ဒေါက်ဖိနပ် ကြာရှည်စွာ စီးသူတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီး အကြောမလျှော့တဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။
(၅) ခြေသည်းအရောင် ပြောင်းခြင်း
အသည်းကျန်းမာရေး ပြဿနာရှိသူတွေမှာ ခြေသည်းဝါကျင့်ကျင့် ဖြစ်ပေါ်တတ်ပြီး သိုင်းရွိက်ဂလင်း ကျန်းမာရေး မကောင်းသူတွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိသူတွေမှာလည်း ဒီလက္ခဏာမျိုး ဖြစ်ပေါ်တတ်ပါတယ်။
Ref. brightside.me