စိုးရိမ်စိတ် လွန်ကဲခြင်းဟာ စိတ်ရောဂါဝေဒနာ တမျိုးဖြစ်တယ်လို့ ဆရာဝန်တွေက သတ်မှတ်ထားကြပါတယ်။ အမေရိကန်နိုင်ငံမှာ လူငယ် သန်း ၄၀ ကျော်ဟာ ဒီဝေဒနာကို ခံစားနေရပါတယ်။ ဒီလို စိုးရိမ်စိတ်လွန်ကဲမှုကြောင့် သာမန်ထက်ပိုတဲ့ စိတ်မလုံခြုံမှုကို ခံစားရတာတွေ ဖြစ်နိုင်ပြီး ရုတ်တရက် နှလုံး ထိခိုက်ခြင်းတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။
ဒါကြောင့် သာမန်ထက်ပိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကော်ဖီ အလွန်အကျွံ သောက်ခြင်း
ကော်ဖီ အများကြီး သောက်မိရင် ကတုန်ကယင်ဖြစ်တာတွေနဲ့ စိတ်လှုပ်ရှားတာတွေကို ဖြစ်စေနိုင်ပါတယ်။ စိုးရိမ်စိတ်ကြီးတတ်တဲ့ သူတွေဟာ ကဖင်းဓာတ်ကို လျော့သင့်ပါတယ်။ သာမန်ထက်ပိုပြီး ကော်ဖီသောက်ခြင်းက စိုးရိမ်မှုကြီးစေတယ်လို့ အင်္ဂလန်နိုင်ငံ အခြေစိုက် သုသေသန အဖွဲ့အစည်းတခုက ဆိုပါတယ်။
(၂) သတင်း နားထောင်လွန်းခြင်း
ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေက ကောင်းတာလည်းပါသလို ဆိုးတာလည်း ရှိနိုင်ပါတယ်။ ရုပ်သံသတင်းတွေမှာ ပါဝင်တဲ့ အကြောင်းအရာအချို့က နားထောင်သူတွေကို စိုးရိမ်စိတ်မြင့်တက်စေပါတယ်။ ဒါကြောင့် လက်ရှိမှာ ဖြစ်ပျက်နေတာတွေကို သိရဖို့အတွက် သတင်းတွေကို လေ့လာဖို့ လိုအပ်ပေမယ့် လူမှုကွန်ရက်တွေမှာ တွေ့မြင် နေရတဲ့ သတင်းအချက်အလက်တွေကိုလည်း ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုအပ်ပါတယ်။
(၃) အရက်နာကျနေခြင်း
အရက်နာကျနေခြင်းကလည်း စိုးရိမ်စိတ်ကို ဖြစ်စေပါတယ်။ အရက်အများကြီး သောက်ဖြစ်တဲ့ အခါ သင်မေ့ထားဖို့ ကြိုးစားခဲ့ရတဲ့ အရာတွေကို သတိရဖို့ ပိုလွယ်ကူလာပြီး အရက်မူးလာတဲ့အခါ အိပ်ရခက်တာကြောင့် စိုးရိမ်စိတ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ် – စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးမယ့် စူပါအစားအစာများ
Ref;readers digest