Health

အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ

အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ အထူးသဖြင့် ဒူးခေါင်း နာကျင်တာက အခုလို ရာသီ အကူးအပြောင်းမှာ ပိုပြီး ဖြစ်လွယ်ပါတယ်။ ထိခိုက်မိလို့ နာကျင်တာပဲ ဖြစ်ဖြစ်၊ ရောဂါကြောင့် နာကျင်တာပဲ ဖြစ်ဖြစ် အရိုးအဆစ်တွေ ကိုက်ခဲပြီဆိုရင် နေရတာ မသက်သာလှပါဘူး။

အကိုက်အခဲ ပျောက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေက သက်သာစေတယ် ဆိုပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး ကုလို့ ရတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် အရိုးအဆစ်တွေ ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဝိုင်

ဝိုင်အနီဟာ အကိုက်အခဲကို သက်သာစေပါတယ်။ အရက် ပါဝင်တာကြောင့် သက်သာတာဖြစ်တယ်လို့ စောဒကတက်နိုင်ပေမယ့် ဝိုင်နီမှာ ရောင်ရမ်းခြင်းကို သက်သာစေမယ့် ဒြပ်ပေါင်းတွေ ပါရှိပါတယ်။ တရက်ကို ဝိုင်နီ ၂ ခွက် ပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးဆစ်နဲ့ သက်ဆိုင်တဲ့ ရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

(၂) ချယ်ရီသီး ဖျော်ရည်

ချယ်ရီသီးဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အရိုးအဆစ် ကိုက်ခဲသူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ချယ်ရီသီးမှာ သကြားလည်း အလုံအလောက် ပါဝင်တာကြောင့် ခြေထောက်တွေ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပြီး ဖျော်ရည်လုပ် မသောက်ချင်ရင်တောင် အသီးကိုတော့ ပုံမှန်စားပေးသင့်ပါတယ်။

(၃) ကော်ဖီ

ကော်ဖီဟာ ဆိုးကျိုးတွေ ရှိပေမယ့် ကောင်းကျိုးတွေလည်း ရှိနေပါတယ်။ သွေးထဲမှာ Uric Acid ပါဝင်မှုကြောင့် ဖြစ်ရတဲ့ အရိုးအဆစ်ကိုက်ခဲခြင်းတွေကို သက်သာစေပြီး ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။ တကယ်လို့ သင်က ကော်ဖီသောက်နေကျဆိုရင်တော့ ဆက်ပြီး သောက်ပါ။ တန်ဆေး လွန်ဘေး ဖြစ်တတ်တာကြောင့် တရက်အတွင်းမှာ ကော်ဖီ ၄ ခွက်ထက်ပိုပြီး မသောက်ဖို့တော့ တိုက်တွန်းချင်ပါတယ်။

(၄) ဂျင်းပြုတ်ရည်

 

ဂျင်းဟာ ရောင်ရမ်းခြင်းကို သက်သာစေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဂျင်းပြုတ်ရည်ကို သောက်ခြင်းကြောင့် အရိုးအဆစ်ကိုက်ခဲခြင်းကို သက်သာစေတဲ့ အပြင် သွေးအတွင်းမှာရှိတဲ့ ရောင်ရမ်းစေတဲ့ ဆဲလ်တွေကိုပါ သေစေပါတယ်။ ဒါပေမယ့် တခုသတိထားရမှာက အသင့်ရောင်းနေတဲ့ ဂျင်းပြုတ်ရည်တွေက ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ရှောင်ရှားဖို့ပါပဲ။ ကိုယ်တိုင် အိမ်မှာ ပြုတ်ပြီးသောက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Ref; organicwelcome.com

Loading