တစုံတရာကို ကျေနပ်အားရတဲ့အခါမျိုးနဲ့ ဝမ်းသာပျော်ရွှင်တဲ့ အချိန်မျိုးမှာ လက်ခုပ်တီးတတ်ကြပါတယ်။ လက်ခုပ်တီးခြင်းဟာ သာမန်အားဖြင့် ပြောရမယ်ဆိုရင် ရိုးရှင်းတဲ့ ကိစ္စရပ်တခု ဖြစ်ပေမယ့် လူတော်တော်များများကတော့ အမြဲလိုလို လက်ခုပ်တီးလေ့ မရှိကြပါဘူး။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေအရ လက်ခုပ်တီးခြင်းဟာ ကျန်းမာရေးအတွက် ထင်မထားလောက်အောင် ကောင်းကျိုးတွေ များစွာရှိတယ်လို့ ဆိုတာကြောင့် လက်ခုပ်တီးခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အဆစ်အမြစ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်တယ်
နေ့စဉ် ၁၅ မိနစ်ခန့် လက်ခုပ်တီးပေးခြင်းဟာ ခါးနာခြင်း၊ ကျောရိုးနာခြင်း၊ လည်ပင်းနာခြင်းအပါအဝင် အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်ပါတယ်။
(၂) နှလုံးနဲ့ အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်
လက်ခုပ်တီးခြင်းဟာ လက်ဖဝါးပေါ်က အာရုံကြောတွေကို နှိုးဆွလိုက်သလို ဖြစ်တာကြောင့် နှလုံးသွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ နှလုံးနဲ့ အဆုတ်ကျန်းမာရေး ပြဿနာရှိသူတွေအနေနဲ့ လက်ခုပ်တီးလေ့ကျင့်ခန်း ပြုလုပ်ခြင်းက ရောဂါဝေဒနာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။
(၃) ဂေါက်ရောဂါကို သက်သာစေနိုင်တယ်
လူကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ အဆစ်အမြစ်ရောင် ဂေါက်ရောဂါကို တနေ့မှာ ၁၅ မိနစ်ခန့် လက်ခုပ်တီးခြင်းက ကုသပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်
နေ့စဉ် နံနက်တိုင်း ၁၅ မိနစ်ခန့် လက်ခုပ်တီးပေးခြင်းဟာ ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ခုခံအားစနစ်ကိုပါ ကောင်းမွန်လာစေနိုင်ပါတယ်။
(၅) သွေးပေါင်ကျခြင်းကို ကုသပေးနိုင်တယ်
နေ့စဉ် နံနက်တိုင်း လေကောင်းလေသန့် ရှုရှိုက်ပြီး ၁၅ မိနစ်ခန့် လက်ခုပ်တီးပေးခြင်းကို မကြာခဏ သွေးပေါင်ကျတတ်သူတွေ အနေနဲ့ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။
Ref. 233times.com
You may also like these stories:
ငါးကြီးဆီဟာ နှလုံးရောဂါအတွက် ထိထိရောက်ရောက် မကာကွယ်နိုင်ဟုဆို
ညစာစားတဲ့အခါ ဝိုင်နီတခွက် တွဲသောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ
ဆီးကျောက်တည်ရောဂါ မဖြစ်အောင် ကာကွယ်ရမယ့် အချက်များ
လေ့ကျင့်ခန်းလုပ်ဖို့ အချိန် မရှိတဲ့အခါ နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ အရာ ၅ ခု