Health

မိသားစုအတွက် ကိုယ်အလေးချိန် လျှော့ချခဲ့တဲ့ အမျိုးသား

Want create site? Find Free WordPress Themes and plugins.

ကိုယ်အလေးချိန်များတဲ့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ စိတ်ညစ်စရာတွေကြောင့် အစားပိုစားကြရင်း အလေးချိန်တိုးလာလေ့ ရှိကြပါတယ်။ ဒီလို ကိုယ်အလေးချိန် တိုးလာတဲ့အခါ အချို့တွေက ကျန်းမာရေးကို ဂရုစိုက်ကြတဲ့ အနေနဲ့ ပြန်ပြီး လျှော့ချတာတွေ ရှိပေမယ့် တချို့ကတော့ ဝတဲ့အတိုင်းပဲ နေလိုက်တာတွေ ရှိပါတယ်။

Jeremiah Peterson လို့ အမည်ရတဲ့ အမျိုးသားကတော့ မိသားစုနဲ့ အချိန်တွေ အကြာကြီး နေရဖို့ ကိုယ်အလေးချိန် လျှော့ချခဲ့သူ ဖြစ်ပါတယ်။ Jeremiah Peterson ဟာ ကိုယ်အလေးချိန် များလွန်းတာကြောင့် မိသားစုနဲ့ တောင်တက်တဲ့ ခရီးစဉ်မှာ အသက် ၆ နှစ်အရွယ် သားငယ်က သူ့ကို ကျော်ပြီး လမ်းလျှောက်သွားတဲ့အချိန် အရမ်း တုန်လှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ သူကတော့ လေးလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် ခြေတလှမ်းချင်းစီကို မနည်းလှမ်းနေတာပါ။ ဒါတင်မကသေးပါဘူး။ သူရဲ့ ခန္ဓာကိုယ်ကြီးမားလွန်းနေတာကြောင့် မိသားစုနဲ့ ဓာတ်ပုံရိုက်ပြီးရင်လည်း သူ့ကိုယ်သူ ပြန်ကြည့်လိုက်ရင် သိမ်ငယ်နေတယ်လို့ ဆိုပါတယ်။ သားသမီးတွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်ကြောင့် ကျောင်းမှာ လှောင်ပြောင်ခံရတာတွေ ကြုံရလေ့ရှိတယ်လို့ သူက ဆိုပါတယ်။

ငယ်ဘဝမှာ စိတ်ဖိအားတွေ များလွန်းခဲ့တဲ့ Jeremiah Peterson ဟာ ၂၀၁၇ခုနှစ်က ကိုယ်အလေးချိန် ပေါင် ၃၀၀ ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီကိုယ်အလေးချိန်ကို လျှော့ချဖို့ အစားအသောက်လျှော့ချတာ၊ အရက်လုံးဝ မသောက်တော့တာတွေ ပြုလုပ်ခဲ့ပြီး အားကစားခန်းမကို နေ့တိုင်းသွားခဲ့တယ်လို့ သူက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

ရက်ပေါင်း ၁၅၀ အတွင်းမှာပဲ ပေါင်ချိန် ၉၀ကျော်ကို လျော့ချနိုင်ခဲ့တဲ့ အတွက် သူ့ကို မိတ်ဆွေတွေက ချီးကျူးနေကြပါတယ်။ “အရင်ကတော့ ကျနော်က အရမ်းပျင်းတယ်။ စိတ်ထဲ ရှိသလို နေလိုက်တာပဲ။ အခုတော့ ကျနော့်မှာ မိသားစုလည်း ရှိနေပြီ။ ကလေးတွေနဲ့ အကြာကြီး အတူတူနေချင်သေးတယ်။ ကျန်းကျန်းမာမာနဲ့ပေါ့”လို့ ဆိုပါတယ်။

Ref. brightside

Did you find apk for android? You can find new Free Android Games and apps.
Loading