လူတယောက်ကျန်းမာနေဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်မှုဟာ တော်တော်လေး အရေးပါပါတယ်။ ကိုယ်ခံအားစနစ် လျော့နည်းလာတဲ့အခါ မကြာခဏ ဖျားနာတာ၊ ကူးစက်ရောဂါတွေ ခံစားရတာနဲ့ အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်တာ စတာတွေကိုခံစားရနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ နေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့်တွေထဲကမှ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်တဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။
(၁) အိပ်ရေးဝဝ အိပ်စက်မှုမရှိခြင်း
အိပ်စက်ခြင်းဆိုတာဟာ တနေ့တာ လှုပ်ရှားနေရတဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးတာနဲ့ အတူတူပါပဲ။ လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေပြီး ရောဂါကူးစက်ခံရမှု မြင့်တက်စေနိုင်တဲ့အပြင် နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။
(၂) စိတ်ဖိစီးမှု များခြင်း
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးဟာ ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုတွေ ဆက်တိုက်ကြုံတွေ့ရတဲ့အခါ ခန္ဓာကိုယ် ကိုယ်ခံအားစနစ် လျော့နည်းလာပြီး ပြင်ပက ရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအားပါ လျော့နည်းလာပါတယ်။
(၃) ချိုလွန်းတဲ့ အစားအစာတွေ စားသုံးမှု များခြင်း
ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သကြားဓာတ်ဟာ ကျန်းမာရေးအတွက် အသံတိတ် ရန်သူလို့တောင် ခေါ်ဝေါ်ကြပါတယ်။ တနေ့ကို သကြားဓာတ် လက်ဖက်ရည်ဇွန်း ၈ ဇွန်းခန့် စားသုံးခြင်းဟာ ရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအား ၄၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျစေနိုင်ပါတယ်။
(၄) ဆေးလိပ်နဲ့ အရက်သေစာ သောက်သုံးခြင်း
ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းနဲ့ အရက်၊ဘီယာ စတာတွေမှာပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်ခုခံအား စနစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။
(၅) ရေသောက်နည်းခြင်း
ရေဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင် ပါတယ်။ ဒါကြောင့်မို့လို ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက် ရေသောက်နည်းတဲ့ အလေ့အကျင့်ကို သတိပြုပြင်ဆင် သင့်ပါတယ်။
Ref. www.holtorfmed.com
You May Also Like These Stories :
မနက်အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်းရဲ့ အံအားသင့်ဖွယ် ကျန်းမာရေး အကျိုးကျေးဇူးများ
တနေ့ကို လေးညှင်းပွင့် ၂ ပွင့် စားပေးခြင်းအားဖြင့် ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးများ
နာနတ်သီးအူတိုင်ကို လွှင့်မပစ်ဘဲ စားသုံးသင့်တဲ့ အကြောင်းရင်း ၅ ချက်