Health

အကျင့်ဆိုးတွေရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာများ

Want create site? Find Free WordPress Themes and plugins.

လူတွေ အများကြီးနဲ့ နေတဲ့ အခါ သတိထားသင့်တဲ့ အပြုအမူတွေ အများကြီး ရှိပါတယ်။ ဥပမာ ချောင်းဟန့်ပြီး ခံတွင်း မကြာခဏ ရှင်းတာ၊ လက်သည်းကိုက်တာ စတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ သတိမထားမိဘဲ လုပ်မိတဲ့ အခါတွေက ခပ်များများ ဖြစ်မှာပါ။ ဒါကြောင့် အဲဒီအကျင့်ဆိုးတွေရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) လက်သည်းကိုက်ခြင်း

သင်နဲ့ ရင်းနှီးတဲ့ သူတွေထဲမှာ ဒါမှဟုတ် သင်ကိုယ်တိုင်က လက်သည်းကိုက်တာ၊ မျက်တောင်မွေး နှုတ်တာ စတဲ့ အကျင့်ဆိုးတွေ ရှိနေပါသလား။ အဲဒါတွေ ဖြစ်ရတာဟာ ဒေါသထွက်ခြင်း၊ စိတ် မလုံမခြုံဖြစ်ခြင်း၊ ပျင်းရိငြီးငွေ့ခြင်း စတဲ့ စိတ်ရောဂါတွေကြောင့် ဖြစ်ပါတယ်။

(၂) ရောဂါအကြောင်း ပြောလွန်းခြင်း

တကယ်လို့ တယောက်ယောက်ဟာ နေ့စဉ်ဘဝမှာ လည်ပတ်နေရင်း တကယ် မဖြစ်တဲ့ ရောဂါတွေကို ဖြစ်နေပြီလို့ ထင်နေတာတွေ ရှိတတ်ပါတယ်။ ရက်သတ္တပတ် တပတ်လုံးမှာ နေ့တိုင်း ရောဂါတမျိုးပြီး တမျိုး ဖြစ်နေတယ်လို့ ပြောလာပြီး သွားရောက် စစ်ဆေးတဲ့အခါ ဘာလက္ခဏာမှ မတွေ့ဘဲ ဖြစ်နေမယ်ဆိုရင် သူ့မှာ နာမကျန်း စိုးရိမ်းစိတ်ရောဂါ ဖြစ်နေတာ ဖြစ်တယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက ဆိုပါတယ်။

(၃) စကားမြန်မြန်ပြောခြင်း

စကားကို သာမန်ပြောနေကျ နှုန်းထက် ပိုပြီး မြန်မြန်ပြောတဲ့ သူတွေကို တွေ့ဖူးမှာပါ။ ကျွမ်းကျင်သူတွေကတော့ စကားကို နှစ်ခါ၊ သုံးခါ ထပ်တလဲလဲ ပြောခြင်းနဲ့ စကားမြန်မြန်ပြောခြင်းတွေဟာ ရောဂါတမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ကုသသင့်တယ်လို့ တိုက်တွန်းထားကြပါသေးတယ်။

Ref. rd.com

You may also like these stories:

အရက်သောက်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ ယုံကြည်ထားတဲ့ အယူအဆအလွဲများ

ယောကျာ်းလေးတွေကို ကျောင်းစာအပြင် အိမ်မှုကိစ္စတွေပါ သင်ကြားပေးတဲ့ စပိန်နိုင်ငံက စာသင်ကျောင်း

သေချာစွာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်တဲ့ အစားအစာများ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading