ဝမ်းဗိုက်က ကျန်းမာရေးအတွက် အရေးကြီးတဲ့ အရာတခုဖြစ်ပါတယ်။ ညဘက်တွေမှာ မုန့်စားတာ များသွားရင် ဗိုက်က တခါတည်း ပူလာတာကို သင်သတိထားမိမှာပါ။ အမျိုးသမီးတွေအနေနဲ့ဆိုရင် ဓမ္မတာ လာနေချိန်မှာ ဝမ်းဗိုက်ရဲ့ပုံစံ ပြောင်းခြင်းကို သတိထားမိကြမှာပါ။ ဒါကြောင့် ဝမ်းဗိုက်ကပြောတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖောရောင်ခြင်း
ဝမ်းဗိုက်ဖောရောင်ခြင်းဟာ အစာခြေစနစ်မှာ ပြဿနာရှိနေလို့ ဖြစ်ပါတယ်။ အစာအိမ် ကျန်းမာရေး မကောင်းတဲ့ အတွက် ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
(၂) ဗိုက်ပူခြင်း
ချက်အောက်ပိုင်းမှာ သိသိသာသာ ပူလာတာဟာ အစာစားတာ ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။ ဗိုက်ခေါက်တွေ ထွက်လာရခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ခြင်းမရှိတဲ့ အစာတွေကို အမြဲလိုလို စားခြင်း၊ အစားစားပြီး လမ်းမလျှောက်ခြင်းနဲ့ အရက်သောက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဒီလို ဗိုက်ခေါက်တွေ ဖြစ်လာတာကြောင့် အခြားကျန်းမာရေး ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။ ရေကူးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ လက်ဝှေ့ထိုးခြင်း စတဲ့ အားကစားတွေ ပြုလုပ်ပြီး လျှော့ချနိုင်ပါတယ်။
(၃) ဝမ်းဗိုက် ပုံစံ
ဝမ်းဗိုက်ဟာ တချိန်တည်းမှာပဲ မာတာရော ပျော့တာပါ ဖြစ်နေနိုင်ပါတယ်။ ဒီလို ဖြစ်တာဟာ ဝမ်းဗိုက်ကြွက်သားတွေမှာ အဆီရှိနေတာကြောင့်ပါ။ ရုတ်တရက် ကိုယ်အလေးချိန်လျော့သွားတာကြောင့် ဖြစ်နိုင်ပြီး ကိုယ်အလေးချိန် လျော့ဖို့ ဆက်ပြီး ပြုလုပ်သင့်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေမှာ ရှိနေတဲ့ အဆီတွေဟာ သင့်ကို ကြီးမားတဲ့ ကျန်းမာရေး အန္တရာယ်တော့ မဖြစ်စေနိုင်ပါဘူး။
Ref;tipsandtrick
You may also like these stories:
လေ့ကျင့်ခန်းလုပ်ဖို့ အချိန် မရှိတဲ့အခါ နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ အရာ ၅ ခု
သင့်ရဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အလေ့အကျင့် ၅ မျိုး
အသက် ၁၁၄ နှစ် အဘိုးအို ပြန်လည်မျှဝေခဲ့တဲ့ အသက်ရှည် ကျန်းမာစေတဲ့ အစားအစာ ၅ မျိုး
လျစ်လျူရှု မထားသင့်တဲ့ ဝမ်းဗိုက်နာကျင်ခြင်း အမျိုးအစားများ