ခြေစွယ်ငုပ်ခြင်းကို အလျင်အမြန် သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းကောင်းများ
ခြေစွယ်ငုပ်ခြင်းဟာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတခုဖြစ်သလို ခံစားရလည်းခက်ပြီး ပျောက်ကင်းဖို့လည်း အချိန်အတော်ကြာပါတယ်။ ခြေသည်းညှပ်ပုံ နည်းစနစ် မမှန်ကန်တဲ့ အခါမျိုးနဲ့ ကြပ်တည်းလွန်းတဲ့ ဖိနပ်တွေ ဝတ်ဆင်တဲ့အခါမျိုးမှာ အဖြစ်များသလို ထိခိုက်ဒဏ်ရာရတဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့လို့ ခြေစွယ်ငုပ်တဲ့အခါ အလျင်အမြန်သက်သာ ပျောက်ကင်းစေနိုင်ဖို့ နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ဆားရေစိမ်ခြင်း
အိမ်မှာ အလွယ်တကူ ရရှိနိုင်တဲ့ အိမ်သုံးဆား ၂ ဇွန်းခန့်ကို ရေခပ်နွေးနွေးနဲ့ ဇလုံတခုထဲ ရောထည့်ကာ ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။ ဒီလိုပြုလုပ်ပေးခြင်းဟာ ခြေစွယ်ငုပ်ခြင်းကြောင့် နာကျင်ခြင်းကို သက်သာစေနိုင်သလို ခြေစွယ်ငုပ်ရာကနေတဆင့် ပိုးဝင်ခြင်းကိုလည်း ကြိုတင်ကာကွယ် ပေးနိုင်ပါတယ်။
(၂) ပန်းသီး ရှာလကာရည်
ပန်းသီး ရှာလကာရည် အနည်းငယ်ကို ဂွမ်းစပေါ်မှာ သုတ်လိမ်းပြီး ခြေစွယ်ငုပ်နေတဲ့ ခြေချောင်းနေရာပေါ်ကို မိနစ် ၂၀ ခန့် ဖိကပ်ထားပေးပါ။ ဒီလိုပြုလုပ်ခြင်းဟာ ခြေစွယ်ငုပ်ခြင်းကြောင့် ရောင်ရမ်းလာခြင်းနဲ့ ပြည်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ခြေသည်းခွံကိုလည်း ပျော့ပြောင်းသွားစေတာကြောင့် ခြေစွယ်ကို အလွယ်တကူ ညှပ်ထုပ်ပစ်နိုင်မှာ ဖြစ်ပါတယ်။
(၃) ပျားရည်နဲ့ သံပုရာရည်
ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းခန့်နဲ့ သံပုရာရည် အနည်းငယ်ကို ရောစပ်ပြီး ခြေစွယ်ငုပ်နေတဲ့ ခြေချောင်းပေါ်မှာ သုတ်လိမ်းပြီး ပတ်တီးနဲ့စည်းထားပေးပါ။ ဒီနည်းလမ်းအတိုင်း ၂ ရက်၊ ၃ ရက်ခန့် ပြုလုပ်ပေးခြင်းအားဖြင့် ခြေစွယ်ကို ညှပ်ထုတ်စရာ မလိုဘဲ သူအလိုလို ပျောက်ကင်းသွားနိုင်မှာ ဖြစ်ပါတယ်။
(၄) တမာရွက်
ဒီနည်းလမ်းကတော့ အိန္ဒိယ တိုင်းရင်းဆေး နည်းလမ်း တခုပါ။ တမာရွက်ကို ရေနဲ့ပြုတ်ပြီး ရလာတဲ့ တမာရွက်ပြုတ်ရည် နဲ့ ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို စိမ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ခြေစွယ်ငုတ်နေတာကို သက်သာ ပျောက်ကင်းစေနိုင်တဲ့အပြင် နောက်ထပ် မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.top10homeremedies.com
You May Like These Stories:
သွေးအမျိုးအစားပေါ် မူတည်ပြီး ကိုရီးယားတွေရဲ့ လူကဲခတ်နည်း
သင့်ဘဝကို ပြောင်းလဲပေးဖို့ မနက်တိုင်း ပြုလုပ်သင့်တဲ့ အလေ့အကျင့် ၁၀ ခု
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်တဲ့ အစားအစာ ၅ မျိုး
မိတ်ကပ်ကောင်တာက အစမ်းသုံးပစ္စည်းတွေကြောင့် အရေပြားရောဂါ ကူးစက်နိုင်