Health

ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် အိပ်စက်နည်းပုံစံများ

Want create site? Find Free WordPress Themes and plugins.

တနေ့တာ လှုပ်ရှားသွားလာ နေရတာတွေကြောင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာ၊ ခါးနာတာနဲ့ ညောင်းညာတာတွေဟာ မကြာခဏ ဆိုသလို ဖြစ်ပေါ်တတ်ပါတယ်။

ဒီလို ခံစားရတဲ့အခါ အကိုက်အခဲပျောက်ဆေး အလွယ်တကူ သောက်လိုက်မယ့်အစား အခုဖော်ပြမယ့် အိပ်စက်နည်းပုံစံတွေနဲ့ ညဘက် အိပ်စက်တဲ့အခါ အိပ်ပေးရုံနဲ့ နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။

(၁) အိပ်စက်တဲ့အခါ ပက်လက်လှန်အနေအထားနဲ့ လဲလျောင်းပြီး ဒူးအောက်မှာ ခေါင်းအုံး ဒါမှမဟုတ် စောင်တခုကို ထည့်ထားပြီး အိပ်ပေးပါ။ ဒီလိုအိပ်စက်ပေးခြင်းအားဖြင့် လည်ပင်းနဲ့ကျောရိုး ညောင်းညာနာကျင်မှုတွေကို သက်သာစေနိုင်တဲ့အပြင် ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းရဲ့ အလေးချိန်ကို ညီမျှစေတာကြောင့် ညောင်းညာတာတွေကို သက်သာစေနိုင်ပါတယ်။

(၂) အိပ်စက်တဲ့အခါ ဝမ်းလျားမှောက်အနေအထားနဲ့ လဲလျောင်းပြီး ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးခပ်သေးသေးထားကာ အိပ်စက်ပေးမယ်ဆိုရင်တော့ ကျောရိုးနာကျင်ခြင်းနဲ့ ခါးနာခြင်းတို့ကို သက်သာစေနိုင်တဲ့အပြင် ဒီအိပ်စက်နည်းပုံစံဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ကို ကူညီပေးနိုင်ပါတယ်။

(၃) ခါးနာနေတဲ့အခါမျိုးနဲ့ ကျောပြင်အောက်ပိုင်း ညောင်းညာနာကျင်နေတဲ့အခါ ဘေးတစောင်း အိပ်စက်ပြီး ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံး ဒါမှမဟုတ် စောင်တခုခု ညှပ်ပြီး အိပ်စက်ပေးနိုင်ပါတယ်။

(၄) တနေကုန် လှုပ်ရှားသွားလာရတာတွေ များပြီး တကိုယ်လုံး ညောင်းညာနာကျင် ကိုက်ခဲနေရင်တော့ အိပ်စက်တဲ့အခါ ဘေးတစောင်း အနေအထားနဲ့ လဲလျောင်းပြီး ဒူးနှစ်ဖက်ကို ရင်ဘတ်နားအထိ ကွေးကာ အိပ်စက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို အိပ်စက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်တခုလုံးက အကြောတွေကို ပြေလျော့စေပြီး ညောင်းညာ ကိုက်ခဲနေတာတွေကို အိပ်ရာကနေ နိုးတဲ့အခါ သက်သာစေမှာ ဖြစ်ပါတယ်။

(၅) ခါးနာပြီး အိပ်စက်ရ ခက်ခဲတဲ့ အခါမျိုးမှာတော့ ခြေထောက်တွေကို ဆင်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို နံရံမှာ မှီထားတဲ့ အနေအထားမျိုးနဲ့ နေပေးပါ။ ပြီးရင်တော့ ခါးအနောက်ဘက်နဲ့ ဒူးအောက်ပိုင်းနဲ့ ခြေသလုံးနေရာတို့မှာ ခေါင်းအုံးခပ်သေးသေးလေးတွေ ထားပေးမယ်ဆိုရင်တော့ ခါးနာ၊ ခါးကိုက် ဝေဒနာတွေကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

Ref. brightside.me

You May Also Like These Stories:

အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်တဲ့ အလေ့အကျင့်များ

သင့်ရဲ့အိပ်စက်ခြင်းပုံစံက ပြောပြနေတဲ့ သင့်အကြောင်း

နေလောင်သွားတဲ့ အသားအရေကို ပြန်လည် ဖြူဝင်းလာစေနိုင်မယ့် နည်းလမ်းကောင်း 

ကမ္ဘာကျော်တွေရဲ့ ထူးထူးခြားခြား ဝိတ်ချနည်းများ

Did you find apk for android? You can find new Free Android Games and apps.
Loading